၂၇ ရက် - မေလ - ၂၀၀၇ စင်ကာပူ
မြန်မာသံရုံးကို မြန်မာများစွာ သွားရောက်ခြင်း၊
ရည်ရွယ်ချက်၊ ၊ တဖက်သတ်ရေးဆွဲထားသော အခြေခံဥပဒေကို ကန့် ကွက်မဲပေးရန်၊


စက်တင်ဘာ ၂၀၀၇ သံဃာ့ကံဆောင်သပိတ်တွင် သံရုံးကို စာကပ်ဆန့ပြခဲ့ခြင်၊
Now - 27 May 2008

၂၇ မေ ၂၀၀၈ တနင်္ဂနွေနေ့  မြန်မာများစုပေါင်းကာ သံရုံးသို့ မဲပေးခွင့် တောင်းခံ၊

ဒီတခါတော့ သံရုံးကလဲ မခေတော့ဘူး။ ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားတယ်ဗျို့ ၊
လူတွေခြောက်တဲ့
ဖလင်မပါတဲ့ ဗီဒီယို ကင်မရာဖြစ်မှာပါ၊

သံရုံးအ၀င် စိန့် မာတင်လမ်းမှာ အဓိကရုံး နိုမ်နင်း ဆစ်ခေါင်းပေါင်း ရဲကြီး
စောင့်နေပြီ၊

ဗမာများ၊ အိုပီဘီ နဲ့  အခြားအဖွဲ့ တွေ စီစဉ်တဲ့ ကားများနဲ့ ရောက်လာကြပါပြီ၊

တားလို့ မရတော့ဘူးဗျို့ ၊ (ရဲ သတင်းပို
့နေခြင်း)

စိန့် မာတင် လမ်းမှာ အနီရောင် ဗုတ်နိုးအင်္ကျီများနဲ့  မြန်မာများစုဝေးနေပြီ

လာနေဆဲ မြန်မာများကလည်း လမ်းမပေါ်မှာ တဖွဲဖွဲ

ဦးထုပ်အနီရောင်နဲ့  မြန်မာများ၊
မြန်မာတဦးချင်းလူငယ်တွေကို ဦးထုပ်ချွတ်ခိုင်းတယ်ဆိုပဲ

အုပ်စုနဲ သံရုံးဆီ ချီတက်လာတဲ့  ဒီမိုကရေစီလိုလားသူ မြန်မာများ

သံရုံးရှေ့ တော့ရောက်ပြီ၊ သံရုံးမဖွင့်သေးဘူး၊

ဘုန်တော်ကြီးများလည်း ကန့် ကွက်မဲပေးဖို့ ရောက်လာပြီ၊ သတင်းထောက်မ - ဖယ်ပါ၊

ဘုန်းဘုန်းများလည်း စိတ်ရှည်စွာ စောင့်နေပါတယ်

ငါတို့ ကို မဲပေးဖို့ ခေါ်ထားပြီး အပြင်မှာပဲ ရပ်နေရတာ ဘာသဘောလဲဟေ့

ဒီ ရဲမေတွေက အရောင်အသွေး တမျိုးထူးတယ်၊ အဓိကရုံးနှိမ်နင်းရေး စပယ်ရှယ်အဖွဲ့ လား၊

ဒီ ဂေါ်ရခါးတပ်တွေကတော့ တော်တော် တောင့်တင်းတဲ့သဘောရှိတယ်၊

တဖက်သပ်ရေးဆွဲထားတဲ့ အခြေခံဥပဒေ စာအုပ်ပေါ့၊ ဖတ်ကြည့်ဖို့ အချိန်မရှိပါဘူး

ဓါတ်ပုံဆရာက ဗုတ်နိုး ဦးထုပ်များနဲ့  ဒီဇိုင်ပုံဖေါ်နေတယ်

မြန်မာသံရုံးရှေ့ မှာ ငြိမ်းချမ်းစွာ မဲပေးခွင့် ရရေးကို စောင့်နေကြတယ်၊
သံရုံးမဖွင့်သေးဘူး

စင်ကာပူရဲ (ကြံ့ဖွတ်ဆံဆံ) အင်အားလာပြနေတယ်၊ အေးအေးဆေးဆေးပါပဲ

ရဲကာ အမျိုးအစား တမျိုးစီ စိန့် မာတင်လမ်းမှာ ၀င်ထွက်သွားလာပြတယ်

ကျုပ်တို့ က ငြိမ်းချမ်းစွာ ဥပဒေဘောင်တွင်းမှာ နေတာပါ၊ ဆိုင်းဘုတ်တခုမှ မပါဘူး
အင်္ကျီ(ရင်ဘတ်၊ ကျော်ဘက်) နဲ့  ဦးထုတ်မှာရေးထားတာတော့ ဆိုင်းဘုတ်မဟုတ်ဘူးနော်

ရဲမေမျာလည်း ပါဝင်ဆင်နွဲကြပါတယ်

သွေးထွက်အောင် သံဃာတော်များကို လုပ်တဲ့ မြန်မာစစ်အစိုးရ တဲ့

ကန့် ကွတ် ဆန့မဲ ပေးမယ် ဆိုတဲ့ ခရော့စ် ညီအစ်ကို၊ မောင်နှမများ

ရေဘူး၊ ပန်းသီးဘူး တွေ သယ်လာပြီ၊ ဝေငှ စားသောက်ရင်း စောင့်ကြတယ်

ရေဘိုး၊ အလှူငွေပေးလိုသူများ လှူဒါန်းနိုင်ပါတယ် တဲ့ 

ဒီရဲက ဘာတွေလာပြောနေသလဲ၊ အားလုံး အေးအေးဆေးပါပဲ

လက်နှစ်ချောင်း ကြက်ခြေခတ်ပြတဲ့ မမ နဲ့  သူတို့ အဖွဲ့ သားများ
ဒီဓါတ်ပုံမှတ်တမ်းလုပ်တဲ့ ဦးလေးက
စင်ကာပူသံရုံးကို လစဉ် ဒေါ်လာ၁၅၀ ပေးတာ ၁၅နှစ်
ကျော်သွားပြီ၊ မဲပေးဖို့ သံရုံးကစာပို့ တော့ မှီခိုနဲ့ နေတဲ့ ဇနီးသည်နာမည်နဲ့ ပို
့ပေးတယ်
ယောင်္ကျားလာပေးစရာမလို ဆိုတဲ့သဘောပဲ။မိန်းမ ဆိုရင်ထောက်ခံမယ်ထင် လားမသိ၊
အမျိုးသမီးတွေက ပိုတောင် ကန့် ကွက်မဲပေးလိုက်ဦးမယ်၊ သိလား

ဒီမမလေးက စပယ်ရှယ် ပရိုဂရမ်တွေ ရှိပုံရတယ်၊ အားလုံးညီညွတ်စွာပါပဲ

၅ နာရီထိုးသွားပြီ။ သံရုံးကလည်း ပိတ်ပြီတဲ့။ နိုင်ငံတော်သီချင်း ဆိုကြမယ်

ကမ္ဘာမကြေ - ဗမာပြည် ကို ကြက်သီးမွေးထလောက်အောင် ဆိုပြတယ်
စင်ကာပူရဲမေ ကြက်သီးထနေပုံ

နိုင်ငံတော်သီချင်း နောက်တခေါက်ဆိုကြမယ်

ကဲ - သံရုံးက နောက်ရက်တွေမဲပေးလို့ ရသေးတယ်တဲ့ ၊ ပြန်ကြဖို့ အချိန်တန်ပြီ

သံရုံးရှိတဲ့  အောချပ်လမ်းမကြီးကနေ မြန်မာစုရပ် ပင်နီစူလာပလာစာ ခြေလျင်ပြန်

ငြိမ်းချမ်းရေ၊ တရားမျှတမှုကို လိုလားတယ်ဆိုတဲ့ ဆိုင်ဘုတ်
WE PERSUE PEACE AND
JUSTIC AND FOR MYANMAR

ညဦးပိုင်း ရောက်တဲ့အချိန် အင်္ကျီအနီအုပ်စုကြီး စင်ကာပူ အောချပ်လမ်းမ ပေါ်မှာ

ဒီတညတော့ ဒီမျှသာပေါ့။ မြန်မာ့ ဒီမိုကရေစီအရေး အောင်ရမယ်
သူတို့  မဲလိမ်တာ ကိစ္စမရှိဘူး၊
ငါတို့  တညီတညွတ်ရှိဖို့ ပိုအရေးကြီးတယ်၊
ငါတို့ တတွေ ဒီမိုကရေစီလိုလားတယ်၊
ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားတွေ လွတ်ရေး
စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးတွေကို တောင်းဆိုပါတယ်၊
အားလုံးကျန်မာအေးချမ်းပါစေ