မြန်မာနိုင်ငံ ပြောင်းလဲမှု၊ အကြပ်အတည်းမှလွတ်မြောက်ရာလမ်း
ဂေါ်ဒင် ဘရောင်း နှင့် နီကိုလပ်စ် ဆာကိုဇီ - စင်ကာပူ စထရိတ်တိုင်း သတင်းစာအတွက် ရေးသားသည်
လွန်ခဲ့သော ၂ လက  သံဃာတော်များနှင့် ပြည်သူများ  ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိပ်ကွပ်ချေမှုန်းမှု များကြောင့် တကမ္ဘာ လုံးက အံ့အားသင့် စိတ်ပျက် ခဲ့ကြရပါသည်၊၊ ဤဖြစ်ရပ်များသည် တီဗွီ မှန်သားပြင်မှယခုအခါ ပျောက်ကွယ်သွားပြီ ဆိုသည့်တိုင် ကျွန်တော်တို့ သည် မြန်မာလူမျိုးများ၏ ဆိုရွားလှသော ကံကြမ္မာကို မေ့ပျောက် ပစ်နိုင်ကြသည်မဟုတ်ပါ၊
 ပြည်ပနှင့် အဆက်ဖြက်ထားမှုများကြောင့် ဒီမိုကရေစီ အင်အားစုများကိုသာမက ပြည်သူလူထုမှာ အခြခံ လူ့ အခွင့်အရေးများ ကင်းမဲ့နေ သည့်အပြင်၊ ကမောက်ကမ ပညာရေး၊ နှင့် အခြေခံ စီးပွားရေး လွတ်လပ်မှုများကင်းမဲ့နေရကာ လူမှုအဆောက်အဦတခုလုံး ကမောက်ကမဖြစ်နေပေသည်၊
ကြီးမားလှသော လူထု ကြီးက အုံကြွ ချီတက် ဆန္ဒပြမှု များကိုမြင်ကြ ရခြင်းဖြင့်အစိုးရက ပြည်သူလူထုအပေါ် မတရား ဖိနှိပ်နေခြင်းမှာ ခံနိုင်စွမ်းရှိသည်ထက် ပိုမို ဆိုးရွားနေပြီဆိုခြင်း မှာသိသာထင်ရှားလှပါသည်။
TWO STEPS BACK: As the rest of South-east Asia advances into the digital age, Myanmar is in danger of retreating to the
Dark ages, with no wide access to health care and basic education for the people, among other deprivations.
လွန်ခဲ့သော လက  အာစီယံ နိုင်ငံများမှ မျိုးဆက်သစ် ခေါင်းဆောင်များ  စုဝေး၍ အာစီယံ ဖြစ်ပေါ်လာသော နှစ်၄၀ အထိမ်းအမှတ် မိုင်တိုင်တခ ကို စိုက်ထူနိုင်ခဲ့ကြပါသည်၊  ကျွန်တော်တို့  ထိုသို့  နှစ်၄၀ အထိမ်းအမှတ် ဆင်နွဲခြင်းကို ကြိုဆိုပါသည်၊ အာစီယံသည် ယခုအခါ  ဂုဏ်ယူဖွယ်ရာ နှင့် ကြွယ်ဝချမ်းသာ သောနေရာဒေသ တခု ဖြစ်လာပါပြီ။ ကမ္ဘာ့ စီးပွားရေး တွင်အချက်အချာနေရာ တခုဖြစ်လာသည့်အပြင်၊ အာစီယံ၏ အသံကို  ကမ္ဘာ့က လေးလေးစားစား နားထောင်နေရပါပြီ။
အာစီယံ နိုင်ငံခေါင်းဆောင်များ အဖို့ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး တို့ ကိုအာမခံမည့် အာစီယံ ချာတာ ကို အကောင်အထည် ဖေါ်သည်နှင့်အတူ  မြန်မာနိုင်ငံ ပြသနာကို ဖြေရှင်းရေးအတွက် အခက်အခဲကို ရင်ဆိုင်နေရပါသည်၊  မြန်မာစစ်ခေါင်းဆောင်များကို နောက်ကြောင်း ပြန်မလှည့်ရေး
   ကို ပြတ်ပြတ်သားသား ပြောဆိုခဲ့ကြသည်။ ကျွန်တော်တို့  သဘောတူပါသည်။
မြန်မာပြည်သည် နောက်ပြန်လိန်လည် သွားနေပြီး၊ ဆင်းရဲမွဲတေနေကာ  မတည်ငြိမ်မှု အချိန်မရွေး ပေါက်ကွဲနိုင်မှု ရှိ နေသည်ကတော့အလွန် သေချာနေပေသည်၊  ဥရောပဘုံဈေးအဖွဲ အီးယူကဲ့သို့ ပင် အာစီယံကလည်း စီးပွားရေး ဖွံ့ ဖြိုးရေးနှင့် ဈေးကွက်စီးပွားရေးပွင့်လန်းရေးအတွက် တခါးပိတ်ဝါဒ (အထီးကျန်စနစ်) ကျင့်သုံးမရနိုင်၊ စီးပွားရေး ကောင်းနိုင်ရန် နိုင်ငံရေး အခြေခံ ကောင်းဖို့ လိုသည် ဟု နားလည်ပါသည်။ သို့ သော် မြန်မာ့ နိုင်ငံရေးမှာ အဆိပ်သင့်ခံနေရသည်။ အမြန်ဆုံး ကုသ၊ ပြောင်းလဲ ပေးရန် လိုအပ်နေသည်။  ဤအချက်မှာ အရှေ့ တောင်အာရှ ဒေသ အခြေအနေ ကောင်းမွန်ရေးအတွက် အရေးကြီးပါသည်။
နိုဝင်ဘာ ၉ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် (ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့်အတိုက်အခံ ခေါင်းဆောင်) ၏ အပြုသဘော နှင့်အခက်အခဲကို ပြေလည်စေရန် ရည်ရွယ်သော ကြေငြာချက်ကို ကျွန်တော်တို့  ကြိုဆိုပါသည်၊ သူမက အဓိပ္ပါယ်ရှိသော နိုင်ငံရေး တွေ့ ဆုံ ဆွေးနွေးမှုများကို အချိန်အတိအကျနှင့် သတ်မှတ်လုပ်ဆောင်နိုင်ရေးကို ဆော်သြ ခဲ့ပါသည်။ ပိုမို၍ အရေးကြီးလာသော ကုလသမဂ္ဂ၏ အရေးပါမှု နှင့် တိုင်းရင်းသားအဖွဲ့ အစည်း များ စသော နိုင်ငံရေးအင်အားစုများပါဝင်ရေး ကိုလည်း ဖေါ်ပြထားပါသည်။ ထိုအရာများမှာ အလွန်အရေးကြီးသော အချက်များပင် ဖြစ်ပါပေသည်၊
စစ်အစိုးရအဖို့  စစ်မှန်သော တွေ့ ဆုံဆွေးနွေးမှု လုပ်ရန် အချိန် ကျရောက်ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချုပ်နှောင်ထားခြင်းမှ လွှတ် ပေးရမည်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ပါမေက္ခ ဂမ်ဘာရီကို လွတ်လပ်စွာ ဆက်သွယ်ခွင့် လုပ်ဆောင်ပိုင်ခွင့်များ ပေးရပါမည်။ကုလသမဂ္ဂ လူ့ အခွင့်အရေး တာဝန်ခံ ပီညဲရိုး ၏အကြံပြုမှု များကို လိုက်နာရပါမည်၊
စစ်ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အခြား အတိုက်အခံများ၊ တိုင်းရင်းသား ခေါင်းဆောင်များ နှင့် ရိုးသားပွင့်လင်းစွာ   တွေ့ ဆုံ ဆွေးနွေးရပါမည်။
အကျိုးရလာဒ်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေး ပြောင်းလဲတိုးတက်လာရေးပင်ဖြစ်ပါသည်၊ ဤအဖြစ်အပျက်မှာ ရိုးရိုးကလေးနှင့် မြန်ဆန်ရမည်ဟု ဘယ်သူမှမျှော်လင့်မထားပါ၊ မြန်မာနိုင်ငံသည် လူမှုရေး တိုင်းရင်းသားရေး ဘာသာယဉ်ကျေးမှု ရေးတွင် ရှုတ်ထွေးသော နိုင်ငံတခု ဖြစ်ပါသည်၊ ပြောင်းလဲမှုဖြစ်စဉ်သည် ကျယ်ပြန့်ပြီး အားလုံးပါဝင်ရန်လိုအပ် သကဲ့သို့ အရှည်တည်ငြီမ်အေးချမ်းရေး အတွက် နိုင်ငံရေးအင်အားစုအားလုံး တိုင်းရင်းသားရေးရာ အားလုံးတို့ပါဝင်ကြရပါလိမ့်မည်၊
အိမ်နီးချင်း နိုင်ငံများအနေဖြင့်လည်း ဤပြသနာများကိုဖြေရှင်းရာတွင် အရေးပါသော နေရာများတွင်ရှိနေကြပါသည်၊ စစ်အာဏယရှင် အစိုးရ ပြုတ်ကျ ရမည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် အနာဂါတ် အစိုးရတွင် အရေးကြီးသော နေရာမှပါဝင်ရန် လိုအပ်သည်ကို သဘောတူညီကြပါသည်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဤအချက်အား မှတ်ချက်ပြုထားသည်ကို သိနိုင်ကြပါသည်၊
လူမှုရေးရာ အထွေထွေယိုရွင်းပျက်စီး လာမှုများကြောင့် ကမ္ဘာ့နိုင်ငံများ၊ အထူးသဖြင့် အီးယူ နိုင်ငံများအနေဖြင့် နစ်နာနေသော နိုင်ငံ သားများကို ကူညီရန် စီစဉ်နေကြပါပြီ။ အီးယူအနေဖြင့် စစ်အစိုးရအပေါ် တည်ဆဲပိတ်ဆို့မှုများကို ထပ်မံအားဖြည့်နေသည့်နည်းတူ ပိတ်ဆို့အရေးယူမှုအသစ် များကိုလည်း စဉ်းစားနေကြပါသည်၊
ထိုနည်းတူ စေ့စပ်ဆွေးနွေးမှု မှရလာဒ်အသစ်များပေါ်တွင်မူ တည်၍ ၄င်း ပရော်ဖက်ဆာဂန်ဘာရီ ၏ကြိုးပမ်းမှု ရလာဒ်များပေါ်တွင် မူတည်၍ ၄င်း သူတို့ ၏ပိတ်ဆို့ရေး မူဝါဒ ကိုပြုပြင်ရန် အီးယူအနေဖြင့် အဆင်သင့် ရှိပါသည်၊
ဆုပေး ဒဏ်ပေးစံနစ်ဖြင့် အစိုးရအပေါ် ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖေါ်ရန် တွန်းအားပေးခြင်းကို ကျွန်တော်တို့ အပြည့်အ၀ ထောက်ခံ ပါသည်။ တဖက်က ပိတ်ဆို့ မှုများပြုလုပ်နေသလို တဖက်ကလည်း စီးပွားရေး အထောက်အပံ့များ ပေးရန် အသင့်ရှိပါသည်၊ သို့သော် ဤသို့ အထောက်အပံ့များရရှိရန်မှာ ဒီမိုကရေစီ ကျကျ အစိုးရ ဖြစ်ပေါ်မည့် လက္ခဏာများထင်ထင်ရှားရှားပေါ်လွင်နေရန် အရေးကြီးပါသည်။
ဆင်းရဲဖိနှိပ်မှုများ ကိုနှစ်ရှည်လများခံစားနေရသည့် မြန်မာလူမျိုးများနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒုက္ခသည်များကြောင့် ပြသနာ အထွေထွေ ကိုဖြေရှင်းနေရသည့် အိမ်နီးချင်းနိုင်ငံများအဖို့ မြန်မာ ပြသနာပြေလည်ရေးမှာအလွန်အရေးကြီးပါသည်၊ မူးယစ်ဆေးဝါး ပြန့်ပွားနေ မှုပြသနာ၊ မတည်ငြီမ်မှုကြောင့် နယ်စပ်တလျောက် ဖြစ်ပွားနေသောပြသနာများလည်းရှိနေပါသည်၊ မြန်မာတို့ အဖို့ မိမိ အိမ်နီးချင်းနိုင်ငံများ တိုး တက် နေသည့်နည်းတူ အမှီလိုက်နိုင်ရေးအတွက်လည်း ပြေလည်မှုရရန် လိုအပ်နေပါသည်၊
အပြည်ပြည်ဆိုင်ရာ တို့အနေဖြင့် မြန်မာပြသနာပြေလည်သွားစေရန် အမြဲတစေပါဝင်ပါတ်သက်နေရသည့်နည်းတူ ကူညီရန်လည်းအမြဲ အဆင်သင့်ဖြစ်နေရန်လိုအပ်ပါသည်၊ ကျွန်တော်တို့ သည်မြန်မာနိုင်ငံလွတ်လတ်ရေး အနှစ်၆၀ ပြည့်နှစ်ပွဲတော်ကို ကျင်းပနိုင်ရန် မြန်မာပြည် သူတို့နင့် အတူရှိနေကြပါသည်၊
၂၀၀၈ ခုနှစ်သည် မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး ပြန်လည်သင့်မြတ်ရေးတို့ ကို နောက်ဆုံး ရရှိစေမည့်နှစ်ဟု ကျွန်တော်တို့မျှော်လင့်ပါသည်။
_________________________________________________
ဂေါ်ဒင်ဘရောင်း သည်ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်ဖြစ်ပြီး၊  နီကိုလပ်စ် ဆာကိုဇီ သည်ပြင်သစ်နိုင်ငံသမတကြီးဖြစ်ပါသည်၊