

အမေရိကန်သမတကတော်နှင့်ကမ္ဘာ့ရေးရာ
မြန်မာ့အရေးကိုပြောဆိုခြင်းဖြင့် လော်ရာဘွတ်(ရှ) နိုင်ငံတကာအရေးတွင်ပါဝင်ပြောဆို
washingtonpost.com, Oct 15,2007
ကရောဖို့(ဒ) တက်ကဆပ် အောက်တိုဘာ ၁၄ ရက်။
တက္ကဆပ်မှ ကျယ်ပြန့်သောမြေပြန့်ကွင်းပြင်ကျယ်နှင့် မြန်မာပြည်မှထူထပ်သိပ်သည်းသော သစ်တောကြီးများမှာ နေရာခင်း လွန်စွာဝေးကွာပါသည်၊ ၀က်ကို မြို့မှာသွေးထွက်သံယိုဖြစ်ပြီး ရဲကနှိမ်နင်း မှုများနှင့် ဖိနပ်မပါသော မြန်မာပြည်မှသံဃာတော်များ သတ်ဖြတ်ခံရခြင်း တို့မှာ လည်းဆက်စပ်မှု မရှိအလွန်ဝေးကွာပါသည်၊ သို့ပါသော်လည်းဝေးကွာလှစွာသောအရပ်မှ ရက်စက်သောနှိပ်ကွပ် မှုများကြောင့် တခါကစာကြည့်တိုက်မှုးလုပ်ခဲ့ဘူးသော သမတကတော် ၏ ပြောဆိုချက်များ သည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝါဒ ထိပ်တန်းပေါ်လစီ အဖြစ် တွေ့လာခဲ့ကြရပါသည်၊
သြဂုတ်လအတွင်း မိသားစုပိုင် လယ်တောတွင်အနားယူရင်း အိမ်ဖြူတော်ဝန်ထမ်းတို့က ပို့ပေးသော မြန်မာပြည်မှ ဆန္ဒပြမှု နှင့်အဖမ်းအဆီးသတင်းများကိုကြည့်၍ သမတကတော် မှာ များစွာစိတ်အနှောင့် အရှက်ဖြစ်ခဲ့ရပါသည်၊ ဘယ်မျှစိတ်ထိခိုက်ခဲ့ရသနည်းဆိုသော် ၀ါရှင်တန် ကိုပြန်ရောက်သည်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေမှုးချုပ်ထံ တယ်လီဖုံး ဖြင့် ဆက် သွယ် ခဲ့ပါသည်၊ ထိုအချိန်မှစပြီး ကမ္ဘာတ၀ှမ်းလုံးမှ မြန်မာစစ်အစိုးရအပေါ် ဖိအား ပေးနိုင်ရေး ကို တလျှောက်လုံးကြိုးပမ်းခဲ့ပါသည်၊
သူ့မိသားစုဝင် တယောက်က မြန်မာနိုင်ငံအကြောင်းကို လွန်ခဲ့သော ၅နှစ်ခန့်ကသူ့ကိုပြောပြခဲ့ ပါသည်။ လွန်ခဲ့သော မိမိခင်ပွန်း၏သမတ သက်တမ်းအတွင်း တခါမှရှေ့ကိုမထွက်ခဲ့သော သမတကတော်ကြီးသည် မြန်မာပြည်မှ မတော်မတရားဖြစ်ရပ်များကို နိုင်ငံတကာ မြင်ကွင်း ရှေ့သို့ရောက်အားတက်သရောဆောင်ရွက်ခဲ့ပါပေသည်၊ အစိုးရအရာရှိကြီးများ သံတမန်ကြီး များ နှင့် ဆွေးနွေးခဲ့ပြီး၊ ကျေငြာချက်များ၊ အင်တာဗျူးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ မြန်မာပြည်ကို ပိတ်ပင်မှုအသစ်များပြုလုပ်နိုင်ရန်လည်းဆော်သြခဲ့ပါ၏၊ သတင်းစာကြီးများ၏ အယ်ဒီတာအာဘော်အခမ်းတွင်လည်း အကြိမ်ကြိမ်ရေးသားခဲ့ ပြီး မြန်မာပြည်မှ အဖိနှိပ်ခံ ပြည်သူများ၏ကံကြမ္မာကို အများသိအောင်မီးမောင်းထိုးပြနိုင် ခဲ့ပါသည်
အိမ်ဖြူတော်မှ အာရှရေးရာ တာဝန်ခံ ဒေးဗစ်ချား က ဒီကိစ္စကိုလူသိရှင်ကြားဖြစ်အောင် နိုင်ငံခြားရေးရာအရေးတကြီး ကိစ္စတခုဖြစ်အောင် သူမအမြဲဆော်သြခဲ့ပါတယ်ဟုဆိုသည်၊ အိမ်ဖြူတော်တွင် ယခုနှစ်စောစောပိုင်းအထိတာ ၀န်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ဂျော့တောင်း တက္ကသိုလ်တွင် သင်ကြားပို့ချပေးနေသော ဒေးဗစ်ကဆက်၍ သူမဟာ ဘယ်ကိစ္စ ကို စိတ်ဝင်တစား ရှိရမယ် ဆိုတာ သေသေချာချာ စီစစ်ပြီးမှ ဆောင်ရွက်လေ့ရှိပါတယ်ဟုဆို သည်၊
ဆန်းစစ်သူများက လော်ရာဘွတ်(ရှ)သည် သူ့ခင်ပွန်းမဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံအရေး ကို နိုင်ငံတကာက တညီတညွတ်တည်းအာရုံစိုက်မိအောင် ဆောင်ရွက်နိုင်သည် ဟုဆိုကြ ပါသည်။ အစိုးရအဖွဲ့အတွင်းမှ တာဝန်ရှိသူများမှာ တနည်းမဟုတ်တနည်း တခြားကမ္ဘာ့ရေးရာ ကိစ္စများ နှင့် အလုပ်ရှုတ်နေချိန်တွင် သူမတဦးတည်းသာ အီရပ်ကိစ္စ ၏လွှမ်းမိုးထားခြင်း မှ ကင်းကင်း ရှင်းရှင်း အလုပ်လုပ်နိုင်သူဖြစ်နေပေသည်၊ သို့သော်သူမစကားပြော ပြီဟုဆိုလျင် သူမနောက် တွင်အစိုးရ အဖွဲ့ တခုလုံး၏ ထောက်ခံမှု အင်အားပါသည်ဟုဆိုနိုင်ပါသည်၊
လော်ရာဘွတ်(ရှ)ဟာ နိုင်ငံတွင်းမှာရောနိုင်ငံတကာမှာပါ အားကိုးဘွယ် မှီခိုအားထားနိုင်သူ တယောက် ဖြစ်ပါတယ်ဟု ဘီလ်ကလင်တန် လက်အောက်တွင် ကုလသမဂ္ဂ တာဝန်ခံအရာရှိ အဖြစ်ဆောင်ရွက်ခဲ့သူ နန်စီတိုရာဘတ် ကဆိုပါသည်၊ သူ့လို လူများများစားစားမရှိဘဲ သူတို့ စကားပြောပြီဆိုရင်လဲအများကဂရုတစိုက်နားထောင်ကြရပါတယ်ဟုဆိုသည်၊ သမတ ကတော် ကအာရုံစိုက်တဲ့ကိစ္စကိုလူတိုင်းက တလေးတစား အာရုံစိုက်လိုက်လုပ်ကြရပါတယ် ဟုပြောသည်၊
သူမက ပိုပြီးပွင့်ပွင့်လင်းလင်းပြောပြီဆိုတာဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုများ တိုးပွားလာကြ တာကို တက်သေခံနေကြပါတယ်၊ လွန်ခဲ့သောနှစ်များအတွင်း စာမတတ်သူပပျောက်လုပ်ငန်း စတာတွေထက် မကတော့ဘဲပြောစရာတွေဟာ ပိုပြီးများလာပါတယ်၊ ဘွတ်(ရှ) ရဲ့ပထမ သက်တမ်းအတွင်းသူမဟာ သူမဖါသာခရီး ၅ ကြိမ်ထွက်ခဲ့ပါတယ်၊ ဒီအပါတ်ကုန်မှာ တော့ ဒုတိယသမတသက်တမ်းအတွင်း သူမရဲ့ ၉ ကြိမ်မြောက်ခရီးအဖြစ် အာရပ်စော်ဘွားနိုင်ငံ၊ ဂျော်ဒန်၊ ကူဝိတ်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေ ကိုသူမခရီးထွက်ပါလိမ့်ဦးမယ်၊
ကျွန်မအတွက်တော့ဒါတွေဟာ အဆန်းမဟုတ်တော့ပါဘူး၊ ကျွန်မနေရာကနေပြီး လုပ်နိုင် ပြောနိုင်တာတွေအတွက် ကျမ လုပ်နေပြောနေရမှာပါ ဟု ယခင်လ အင်တာဗျူး တခုတွင် သမတကတော်က ပြောခဲ့ပါသည်၊ စုစုပေါင်း ၆၈ကြိမ်မျှ သမတကြီးပါလျက်ဖြစ်စေ မပါဘဲဖြစ် စေသူမ ခရီးထွက်ခဲ့ပြီးပါပြီ၊ အခြားသမတကတော် ဖြစ်သော ဟီလာရီကလင်တန်မှာ ဂ၂ ကြိမ် မျှခရီးထွက်ခဲ့သည်ဖြစ်သော်လည်း မတူညီသောအချက်မှာ လော်ရာဘွတ်(ရှ) အနေဖြင့် အငြင်း ပွားဘွယ်ကိစ္စများကိုရှောင်ရှား တတ်ခြင်းပင်ဖြစ်ပါ၏၊ ၂၀၀၅ ခုနှစ်က အီဂျစ်ပြည်ခရီး တွင် သမတ ဟော်စနီ မူဘာရက်၏ အယောင်ဆောင် ဒီမိုကရေစီရေးရာများကို ချီးကျူး ပြောဆို ခဲ့သဖြင့်အတိုက်အခံအင်အားစုများအဖို့ များစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြရ ပေသည်၊
သူမသည်တကိုယ်တော်ထင်ရာစိုင်းနေသူမဟုတ်ပါ၊ အနည်းဆုံး နိုင်ငံတော်လုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဌာန တို့နှင့်နှင့်အမြဲအဆက်အသွယ်ရှိပြီး မပြောမီ ပြောသင့်မသင့် အတည်ပြု ချက် ယူလေ့ရှိပါသည်၊
နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ကွန်ဒီလီဇာရိုက်၊ အမျိုးသား လုံခြုံရေးအကြံပေး စတီဗင်ဟတ်ဒလီ အပါအ၀င် အခြားစီနီယာ ၀န်ထမ်းများတို့နှင့်လည်းမြန်မာနိုင်ငံနှင့်ပါတ်သက်သမျှ စည်းဝေးပွဲ။ အီးမေးလ် တို့နှင့် အမြဲထိတွေ့ မှု ရှိနေပြီး ရန်ကုန်တွင် ဖြစ်ပျက်သမျှနောက်ဆုံးသတင်းတို့ကို သမတကတော်အမြဲသိရှိနေပါသည်၊
လော်ရာအဖို့ မြန်မာပြည်တွင်စိတ်ဝင်စားရခြင်းမှာ သမတဘွတ်(ရှ)၏ ဆွေမျိုးတော်စပ်တဦး ဖြစ်သူ အယ်လစီဝေါ်လကာ ဆိုသူ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူထံမှ စတင်သိခဲ့ရ ခြင်းဖြစ်ပါသည်၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းစုကြည် အကြောင်းကိုလည်း သူမထံမှပင်ကြားသိရခြင်း ဖြစ်ပါသည်၊ စစ်တပ်မှ ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံရန်ငြင်းဆိုခဲ့ပြီးသူမမှာ တောက်လျောက် အကျဉ်းချထားခြင်း ခံခဲ့ရပါသည်၊ သူမ၏ ကြောက်ရွံ့ခြင်းမှကင်းဝေးရေး စာအုပ်ကိုဖတ်ရှုပြီးချိန်မှစ၍ သူမအပေါ် ပိုမိုဂရုဏာ သက်လာခဲ့ခြင်းဖြစ်ပြီးမြန်မာလူမျိုးတို့၏ ကံကြမ္မာကို ပိုမိုစာနာလာမိ ခဲ့ပါသည်၊
ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာတနိုင်ငံလုံးရဲ့ မျှော်လင့်အားထားရတဲ့သူပါဘဲ၊ ဒီမိုကရေစီ ရမဲ့နေ့ ကိုမျှော်လင့်နေသူများ၊ ရက်စက်ကြမ်းကြုပ်တဲ့စစ်အုပ်ချုပ်သူများမရှိတော့တဲ့နေ့ ကို စောင့်မျှော်နေရသူများ၊ အားလုံးဟာသူမအပေါ်မှာဘဲမျှော်လင့်ချက်ထားနေကြရပါတယ်၊ သူမလိုချင်တယ်ဆိုတဲ့ နိုင်ငံရေးအရပြန်လည်ရင်ကြားစေ့ရေး ဆိုတာကိုကျမနားလည်ပါတယ်၊ အစိုးရကို ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးစေချင်တယ်၊ ဒီမိုကရေစီရေး အတွက် သူမဟာတတ်နိုင်သမျှအလုပ်လုပ်ပေး ချင်ပါတယ်၊
သမတကတော်ကြီးဟာ မြန်မာပြည်ကိုလဲမရောက်ဖူး ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ကိုယ်တိုင် မတွေ့ဘူးပါ။ သို့သော်လည်း မြန်မာနိုင်ငံအရေးဟာတော့ သူမအတွက်အဓိက အကြောင်း အရာတခုဖြစ်နေပြီး၊ ကုလသမဂ္ဂမှာ တကြိမ် မြန်မာနိုင်ငံအရေးဆွေးနွေးပွဲ ကိုကျင်းပခဲ့ပြီး၊ ပက်ပါဒိုင်း တက္ကသိုလ်ရဲ့ ဘွဲ့ပေးပွဲအခမ်းအနားမှာလဲ မြန်မာပြည်အရေးကိုဆွေးနွေးပြောကြား ခဲ့ပါတယ်၊
ဧပြီလတုံးကလဲ ဘီဘီစီ ကထုတ်လွှင့်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာအသံလွှင့်ချက်ကို နိုင်ငံခြားရေးနဲ့ အမျိုးသား လုံခြုံရေး ကောင်စီအဖွဲ့ဝင်များကို ဖိတ်ကြားပြီးအိမ်ဖြူတော် ခမ်းမဆောင်မှာ အတူ တကွကြည့်ရှုခဲ့ကြပါတယ်၊ မေလထဲမှာတော့ ဆီးနိပ်က ဦးစီးကျင်းပတဲ့ မြန်မာ့အရေး ကိစ္စ ဆွေးနွေး ပွဲကိုတက်ရောက်ခဲ့ပါတယ်၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဆီကိုလည်း စာရေးသားခဲ့ပါသေးတယ်၊ မြန်မာ့အတိုက်အခံ အင်အားစုများကိုလည်း အိမ်ဖြူတော်မှာ တွေ့ဆုံဧည့်ခံခဲ့ပြီး အထူးကိုယ်စားလှယ် ဂမ်ဘာရီနဲ့လဲတွေ့ဆုံခဲ့ပါတယ်၊ ဝေါစထရိ ဂျာနယ်မှာ လဲ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အယ်ဒီတာ့အာဘော်ကိုရေးသားခဲ့ပြီး စီအင်အင် နဲ့လဲ အင်တာဗျူး လုပ်ခဲ့ပါတယ်၊
သြဂုတ်လအတွင်းဖြစ်ပွားခဲ့တဲ့ လောင်စာဆီ ဈေးနှုံးတိုမြှင့်ခြင်းကိုအကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲများကြောင့် သူမရဲ့ ကျိုးပမ်းချက်များဟာ အရှိန်အဟုန်တိုးမြင့်လာရပါတော့တယ်၊ ဘမ်ကီမွန်း ကိုဖုံးခေါ်တာတွေအပြင် သူမဟာ အင်တာဗျူးပေါင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်၊ တဖြည်းဖြည်း ပိုမိုပြင်းထန်တဲ့ ထုတ်ပြန်ချက်များကိုထုတ်ပြန်လာခဲ့ပါတယ်၊ ဆီးနိပ် အပြည်ပြည် ဆိုင်ရာဆက်ဆံရေးကော်မီတီ ဆီကိုလည်း စာအကြိမ်ကြိမ်ရေးခဲ့ပါတယ်၊ ဝေါစထရိ ဂျာနယ်မှာ မြန်မာအစိုးရကို ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရင်လုပ် မလုပ်ရင်ဘေးဖယ်ပါ ဆိုတဲ့စာ ကိုရေးခဲ့ပါတယ်၊ ဒီဆောင်းပါးကိုဘယ်လိုယူဆပါသလဲလို့ မေးတော့ သမတကြီးက လက်မထောင်ပြီးပြခဲ့ပါတယ်၊
ပိုပြီးအရေးကြီးတာကတော့ ယခင်အပါတ်က အတွင်းရေးမှုးချုပ် ဘန်ကီမွန်း သူမထံဖုံးဆက်ပြီး မြန်မာနိုင်ငံနဲ့ပါတ်သက်တာတွေကို အသိပေးပြောကြားခဲ့တာပါဘဲ၊ ဒီနည်းနဲ့ သူမဟာ ဘွတ်(ရှ) သမတ အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာဆက်သွယ်ရေးအရာရှိဖြစ်လာခဲ့ရပါတယ်၊ USA Today နဲ့ပြော ကြားရာမှာတော့ နောက်တရက်နှစ်ရက်အတွင်း ဒီမိုကရေစီစံနစ်ကို ပြောင်းရင် ပြောင်း မပြောင်းရင် ကျမယောင်္ကျားရဲ့အစိုးရ ဟာ မြန်မာနိုင်ငံကို ပိတ်ဆို့ရေးလုပ်ငန်းတွေ လုပ်ရမှာဘဲ လို့ပြောခဲ့ပါတယ်၊
သူမဟာသူမအတွက်သာမက သမတကြီးအတွက်ပါပြောနေတာ လို့ကျွန်တော်တို့နားလည်ကြ ပါတယ်ဟု လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့မှ တွမ် မာလင်နိုစကီးက ပြောပါသည်၊ ကုလသမဂ္ဂဟာ တနေ့တနေ့ အမေရိကန်တွေဆီက အကြောင်းပေါင်း ၅၀ လောက်နဲ့ပါတ် သက်ပြီး စကားပြောနေရတာတွေရှိပါတယ်၊ ဒါပေမဲ့ သမတကတော်ဆီကကြားရပြီဆိုရင် ဒါဟာ အလွန်ထူးခြားတဲ့ အကြောင်းလို့ဘဲကျွန်တော်တို့ မှတ်ယူပါတယ်၊ ကျွန်တော်ဟာ သူ့ ယောင်္ကျားရဲ့ပေါ်လစီအတော်များများကို သဘောထားချင်းမတိုက်ဆိုင်ပါဘူး၊ ဒါပေမဲ့ မြန်မာ ပြည်အရေးမှာတော့ သူဟာမှန်တာကိုလုပ်နေတာပါ၊ ကျွန်တော်တို့ထောက်ခံပါတယ် ဟုဆို သည်၊
ပြောရရင်တော့ ဒီအစိုးရအဖွဲ့ဟာ ဘယ်လောက်ခက်ခဲတဲ့ပေါ်လစီတွေ ကိုချမှတ်နေနေ၊ ဒီကိစ္စ ကတော့ အလွန်ရိုးရှင်းလွယ်ကူပါတယ်၊ ရွှေအဆင်းနဲ့အပြစ်ကင်းသူတွေ ဟာအယုတ်တမာ တွေနဲ့ စစ်ဖြစ်နေကြရပါတယ်၊ အမေရိကန်အစိုးရဟာေ၀၀ါးနေတဲ့ကိစ္စ အတော်များများ မှာ ပါဝင်ပါတ်သက်နေပါတယ်၊ မြန်မာပြည်အရေးကတော့ ဘယ်သူတွေက ဆိုးမိုက်ပြီး ဘယ်သူ တွေက မတရားလုပ်တာကို ခံစားနေရတယ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်၊
သမတကတော် အတွက်တော့ သမတသက်တန်းကုန်ခါနီး ၁၅ လ အလိုမှာ မြန်မာပြည် အရေး ဟာ သူ့အသံကို အများ ကကြားရအောင်လုပ်ဖို့ အခွင့်ကောင်းတခုကိုရစေခဲ့ပါတယ်၊ ဒုတိယ အကြိမ် သမတသက်တမ်း ၀င်ခါစမှာ ရွေးကောက်ပွဲ အနိုင်ရဘို့ ကျိုးပမ်းရတာတွေ အပြီး လွတ်လပ် သွားချိန်မှာ ဒီအရေးကိုပိုပြီးအာရုံစိုက်နိုင်ခဲ့ပါတယ်၊ သူ့အကြီးတန်း လက် ထောက် မက်ကဗိုက် က အချိန်တွေဟာ ကုန်လွယ်လှသလို သမတကတော်အနေနဲ့ ဒီအခွင့် အရေး ကို အကောင်းဆုံးအသုံးချသွား ချင်ပါတယ်ဟုဆိုပါသည်၊
သမတကတော် အနေနဲ့ကတော့ သူနဲ့ပါတ်သက်တဲ့သူ့သမိုင်း ကိုမှတ်မှတ်ရရ ဖြစ်အောင် ချန်ရစ်ခဲ့စေချင်ပုံရပါတယ်၊ သူမဟာအများထင်သလို စိတ်ထားနုနယ်ပြီး အစိုးရပေါ်လစီ ဟာ သူနဲ့မဆိုင်တဲ့ကိစ္စတခုလိုသဘောထားနေတာမဟုတ်ပါဘူး၊ တက္ကဆပ်ပြည်နယ် တက္ကသိုလ် မှ ဘရူ့ဗျူခါနင်က မြန်မာပြည်အရေးဟာ သူမရဲ့ဆောင်ရွက်ချက်ဟာ ထိရောက် အောင်မြင်ပါ လိမ့် မယ်၊ ဒါပေမဲ့ဒါဟာနောက်ဆုံး ဆောင်ရွက်ချက်မဟုတ်ပါ၊ နောက်ထပ် လာပါလိမ့်ဦး မယ် ဟုနိမိတ်ဖတ်လိုက်ပါသည်။
By Peter Baker, Washington Post staff writer