|
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်အဖွဲ
့ သတင်းထုတ်ပြန်ချက်
၂၀၀၈ ခုနှစ် မေလ (၇) ရက်
မြန်မာနိုင်ငံအတွက်
သဘာဝ လှုပ်နှိုးသံ
ရာသီဥတု ဖောက်ပြန်မှု ဖြစ်တည်နေကြောင်းကို မြန်မာနိုင်ငံ က ရင်နင့်စွာ တွေ
့ထိခံစားခဲ့ရသည်၊ ကျွန်ုပ်တို့  အနေဖြင့် “နာဂစ်(စ်)ဆိုက်ကလုံး”
မုန်တိုင်းကျရောက်ခြင်းကြောင့် အသက်အိုးအိမ် ဆုံးရှုံးရခြင်းကို
ကြုံတွေ့ ခဲ့ရသည့် ပြည်သူလူထု ထောင်ပေါင်း များစွာသည် မြန်မာစစ်
အာဏာပိုင်များ. သင့်တော်လျောက်ပတ်မှု မရှိ။ လုံလောက်မှု လုံးဝမရှိ သည့်
တုန်ဏ္ဍပြန် ကယ်ဆယ်မှုများကြောင့် ပို၍ ဒုက္ခ ပင်လယ်ဝေနေသည် ကို
ကြားသိရသည့် အတွက် လွန်စွာ ၀မ်းနည်းကြေကွဲရ ပါသည်၊
ရန်ကုန် ဒေသ အတွင်း လွန်ခဲ့သော (၁၈) လ ကပင် ရေအကြီးအကျယ်လွမ်းမိုးခြင်း။
လေဆင်နှာမောင်း ကျခြင်းကို ကြုံခဲ့ရပြီး ယခု တဖန် ကပ်ဆိုး “ဆိုက်ကလုံး”
မုန်တိုင်းကြီး. ဒဏ်ကို ထပ် ခံခဲ့ ရပြန်သည်၊ မြန်မာနိုင်ငံ မှ
ရာသီဥတုဖောက်ပြန်မှုကြောင့်ယခုကဲ့သို့  လူအများ
အသက်အိုးအိမ်ဆုံးရှံးရသည့် အရေအတွက်မျိုး ယခင် က မရှိခဲ့ဖူးပါ၊ အကယှ်ု
ကျွန်ုပ်တို့  ၏ ကမ္ဘာကြီးနွေးမှု ဆက်လက် ဖြစ်နေပါက
ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ ထက်မက ပို
ဆိုးဝါးစွာ ကြုံတွေ့ ရမည် ဖြစ်သည်၊
ွှ ဤသို့  ရာသီဥတု ဖောက်ပြန်ပြောင်းလဲမ_များဖြစ်ရခြင်းမှာ
သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခြင်း။ သဘာဝ သယံဇာတများအား အလွန်အကျွံထုတ်ယူ
ရောင်းချသုံးစွဲခြင်း နှင့် ၄င်းတိုဏ္ဍ. အကျိုးဆက်ဖြစ်ပေါ်လာသည့်
ညစ်ညမ်းမှုများကြောင့် ဖြစ်သည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ 
များနှင့် မီသိန်းဓါတ်ငွေ့ များသည် ဖန်လုံအာနိသင် အပူဓါတ်
(Greenhouse
effect)
ကို အထူး မြင့်တက်လာစေပြီး
ကမ္ဘာကြီးပူနွေးခြင်း နှင့် ရာသီဥတုဖောက်ပြန်မ_များကို ဖြစ်ပေါ်စှေု။
မကြာခင် “ဆိုက်ကလုံး” မုန်တိုင်းတိုက်မှု ပိုဖြစ်ခြင်း။ ရေကြီးခြင်း။
မိုးခေါင်ရေရှားခြင်း နှင့် အခြားသော ရာသီဥတု
ဖောက်လွဲဖောက်ပြန်ခြင်းများ ဖြစ်ပေါ်စေပါသည်၊ ဤသို့ ဖြစ်ရခြင်းမှာ
ကာဗွန်ဒိုင် အောက်ဆိုဒ် အခိုးအငွေဏ္ဍများနှင့် မီသိန်းဓါတ်ငွေ့ များအား
ကောင်းကင်သို့  အမြောက်အများ ထုတ်လွတ်ခြင်းကြောင့်ဖြစ်သည်၊ ဤသည်မှာ
သိပ္ပံနည်းအရ တိကျမှန်ကန်သည့် အချက်အလက် ဖြစ်ပေသည်၊
“ဆိုက်ကလုံး” မုန်တိုင်းဒဏ် ကို ပြင်းထန်စွာ ခံခဲ့ရ နေရာဒေသများ အရ။ ကုဗမီတာ
သိန်းသန်းချီသော သဘာဝဓါတ်ငွေ့ များကို မြန်မာစစ်အစိုးရမှ ထိုင်းနိုင်ငံ
တရုတ်နိုင်ငံသို့  တင်ပို့ ရောင်းချခြင်းကြောင့် ရာသီဥတုဖောက်ပြန်မှု
ဖြစ်ရန် ပို၍ အားပေးနေသည်၊ အဘယ်ကြောင့်ဆိုသော် မီသိန်းဓါတ်ငွေ့  ဟု
သိကြသည့် သဘာဝဓါတ်ငွေ့  အမြောက်အများ ထဲမှ အချို့  အငွေ့ မှာ
ကောင်းကင်သို့  တိုက်ရိုက် လွတ်ထွက်သွားပြီး ကျန်အငွေ့ များမှာ
အချင်းချင်းမီး လောင်ကျွမ်းပြီး လေထုကို ညစ်ညမ်းစေသော
ကာဗွန်ဒိုင်အောက်ဆိုဒ်များ ဖြစ်လာစေပါသည်၊
သစ်တောများကို ဖျက်ဆီးဖြုန်းတီးခြင်းသည်လည်း ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ
့ ညစ်ညမ်းခြင်း ကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်း ရင်းတစ်ခုဖြစ်သည်၊
လက်ရှိမြန်မာနိုင်ငံ. ကျန်ရှိနေသေးသော သစ်တောများ သည်လည်း တရုတ် ထိုင်း
နှင့် အခြားနိုင်ငံများသိုဏ္ဍ ထုတ်လုပ်တင်ပို့  ရောင်းချသည်မှာ
ကုန်လုနီးပါးဖြစ်နေပါသည်၊ အလွန်ကျယ် ပြောလှသည့် သစ်တော နှင့်
စားကျက်မြေများကို နေ့ စဉ်နှင့်အမျ မီးရှိ့ နေခြင်းကလည်း
တိုင်းတှာုမရနိုင်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေဏ္ဍ အမြောက်အများ
လေထုထဲသို့  ထုတ်လွတ်သည့်အပြင် မြေဆီလွာကို ပျက်စီး စေသည်၊ ရေကို
ထိန်းသည့် မြေမျက်နှာပြင် ကို ပျက်စီးစေပါသည်၊
ဇီဝလောင်စာဆီရရှိရန်အတွက် ကြီးမားကျယ်ပြန့် သော မြေဧရိယာပေါ်တွင်
ကြက်ဆူပင်များ စိုက်ပျိုးခြင်း။ ၄င်းအသီးများအား
ထုတ်ကုန်အဖြစ်ရောင်းချခြင်း များ အပြင် ရာဘာ။ ပြောင်း အစရှိသည့်
စိုက်ခင်းများအတွက် သစ်တောခုတ်ထွင်ခြင်းသည်လည်း။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့  ညစ်ညမ်း မှုပို ဖြစ်လာအောင် တွန်းပို
့သည့် အကြောင်းရင်း တခုဖြစ်သည်၊
မြန်မာစစ်အစိုးရ နှင့် အိမ်နီးချင်းနိုင်ငံများမှ စီမံကိန်းချ တည်ဆောက်သည့်
ဧရာမရေကာတာ တည်ဆောက်ရေး လုပ်ငန်း စီမံကိန်း (၂၀ ) ကျော် သည်လည်း
ညစ်ညမ်းမှု အခြေအနေကို ပိုဆိုးဝါးစေလိမ့်မည်၊ စတုရန်း ကီလို
မီတာချီသည့် ထောင်သောင်းမြောက်များစွာသော မြေနေရာများသည်လည်း
ရေအောက်သို့  နှစ်မြုပ်သွား လိမ့်မည်။ ရေနှစ်မြုပ်သော အပင်များသည်လည်း
ပုပ်သိုးမသွား မီသိန်းဓါတ်ငွေ့ ကို ထုတ်လုပ်မည်ဖြစ်သည်၊
ွှ ဤသည်တို့ မှာ လက်ရှိစစ်အစိုးရမှ အကောင်အထည်ဖေါ်လုပ်ဆောင်နေသော “ဖွံ
့ဖြိုးရေးလုပ်ငန်းများ” သည် ရေရှည်တည်တံ့ခိုင်မြဲမှုမရှိ။
ဘေးဥပါဒ်သင့်သည့် ဖွံ့ ဖြိုးရေးလုပ်ငန်းများ သာ ဖြစ်ကြောင်း ပြသသည့်
သာဓကများ ဖြစ်ပေသည်၊ ထို့ အပြင် စစ်အစိုးရ. ရေရှည်တည်တံ့ခိုင်မြဲသောဖွံ
့ဖြိုးရေး. အခြေခံသဘောတရားကို လည်းကောင်း။ ရာသီဥတု
ဖောက်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်သည့် အန္တရာယ်ကို
လည်းကောင်း နားလည်ခြင်း လုံးဝ မရှိသည်ကို လည်း ဤအချက်များက
ထင်ရှားစွာပြသနေခြင်း ဖြစ်သည်၊
ပြည်သူအများ အတိဒုက္ခရောက်။ နစ်နာပူဆွေးနေသည့်ာကားကပင်။ စစ်အစိုးရသည် သူတို
့. ပြည်သူ့ ဆနခြံယူပွဲ အား ဆက်လက်ကျင်းပသွားမည် ဟု ခေါင်းမာစွာ
ဇွတ်လုပ်ဆောင်နေခြင်းက စစ်အစိုးရသည် မြန်မာပြည်သူလူထု. ဘ၀ဖူလုံရေး
အတွက် လုံးဝ အရေးမစိုက်ကြောင်း ကွင်းကွင်းကွက်ကွက် သက်သေပြနေပါသည်၊
၂၀၀၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုအတွင်း ခက်ထရီးနာ ဟာရီကိန်း
မုန်တိုင်းကျရောက်ခြင်း။ ယခုနှစ် နှစ်သစ်ကူး အားလပ်ရက်တွင်
တရုတ်နိုင်ငံအတွင်း ဆီးနှင်းမုန်တိုင်းကျခြင်း နှင့် ကမ္ဘာအနှံ
့အပြားတွင် ရာသီဥတု ဖောက်လွဲဖောက်ပြန်မှုလည်း မကြာခင်ဖြစ်ပေါ်လျက်ရှိရာ။
ယခု “ဆိုက်ကလုံး” မုန်တိုင်းကြီးက ကျွန်ုပ်တို့  မြန်မာနိုင်ငံ အား
သတိပေး လှုပ်နိုးခဲ့သည် ဟု ဆိုရပေမည်၊
စစ်အစိုးရသည် မေလ ၁၀ ရက်နေ့ တွင် ပြည်သူလူထုများအား အတင်းအဓမျွ
“စည်းကမ်းရှိရှိ ဒီမိုကရေစီ” ကို ဦးတည်သော ၄င်းတို၏ လမ်းပြမြေပုံ
တရားဝင်ဖြစ်အောင် ကြိုးစားနေသည်၊
ွှ “စည်းကမ်းရှိရှိ ဒီမိုကရေစီ”သည် သဘာဝသယံဇာတ များမတရား လုယူ
ထုတ်ရောင်းမှုများ ပို၍ ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ပြိုကျပျက်စီး
စေမည့်လမ်းကြောင်းသို့ သာ ဆက်လက် ဦးတည် နေပါသည်၊ ယခုအခါသဘာဝမှ
စစ်အစိုးရအား “ထောက်ခံမဲ သွားမထည့်ရန်” အတိတ်နမိတ်ပြပြီး
နိုးဆော်နေပြီး ဖြစ်သည်၊
သို့ ကြောင့် ကျွန်ုပ်တို့ မြန်မာပြည်သူလူထုများ သဘာဝ. နိုးဆော်
နိမိတ်ပြသည့်အတိုင်း ကန့် ကွက်မဲထည့်ကြရန် ကျွန်ုပ်တို့ မှ နှိုးဆော်
တိုက်တွန်းအပ်ပါသည်၊”
ဆက်သွယ်ရန်၊ ၊ အောင်ငယ် ၆၆ ၈၄ ၃၆၃ ၆၆၃၀ စိုင်း စိုင်း ၆၆ ၈၉ ၇၅၅ ၇၃၅၄
WitMone, 7-May-2008

Singapore Red Cross Credit
|

#05-12A Peninsula Plaza
(Tel: 63371569)


Singapore Vote NO
Photo Illustration

Photo of the Month
April 2008 by Sg

Moemaka.com |