သီတာ - လူမှုရေးကူညီသူ
အင်တာဗျူး - ၁၁-ဧပြီ ၂၀၀၈
်ဘိုကလေးကို သွားမလို့ ပြင်နေပြီ
   မြန်မာပြည်မှာ ကျောင်းသားဘော်ဒါဆောင်ဖွင့်ထားပြီး ပညာရေးလုပ်ငန်းကို လုပ်ဆောင်နေသူ နဲ့  လူမှုရေးလုပ်ငန်းများကို အားတက်သရော လှူဒါန်း၊ လုပ်ဆောင်တတ်သူ မသီတာနဲ့  ပြောစကားများကို အောက်ပါအတိုင်း နားထောင်လိုက်ရပါတယ်၊

   ကျွန်မတော့ ဘယ်လိုမှ မနေနိုင်တော့ပါဘူး၊ အသက်အရွယ်ရနေတဲ့ မိခင်ကြီးကလည်း ဒုက္ခသည်တွေကို သွားရောက်ကူညီချင်နေတော့ ကားလေးတစင်းမှာ တင်နိုင်သမျှ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ပြီ ကိုယ်မိသားစု လေးနဲ့  ကားဒရိုင်ဘာအပါအ၀င် ဘိုကလေးကို သွားလေ့လာမယ်ဆုံးဖြက်ခဲ့ပါတယ်၊ ဒီနေ့ ပဲသွားမယ်၊ ၂ရက်လောက်နေပြီး ပြန်လာမယ် ။ ကိုကျော်ဟိန်း ကိုယ်တိုင်သွားတဲ့အဖွဲ့ တော့ လူတွေ ဒုက္ခသည်စခန်းကို သွားခွင့်မရလို့  လှည့်ပြန်လာခဲရတယ်၊ ပစ္စည်းတွေတော့ အစိုးရ ကယ်ဆယ်ရေးအဖွဲ့ တွေဆီကို ပေးထားခဲ့ဖို့ ပြောလို့  စိတ်ပျက်လက်ပျက်နဲ့  ပြန်ခဲ့ရတယ်ကြားတယ်၊ ဘာကြောင့်လူတွေမသွားခိုင်းသလဲဆိုတာ စဉ်းစားလို့ မရနိုင်အောင်ဖြစ်ရတယ်၊  တချို့ ကယ်ဆယ်ရေးအဖွဲ့ တွေတော့ စိတ်ဆိုးပြီး ပစ္စည်းတွေပြန်သယ်ခဲ့ရတယ်၊

   ဘိုကလေးက ကားလမ်းကြမ်းတော့ ၃ နာရီခရီးလောက်မောင်းရမှာပါ၊ ကိုယ်အဖွဲ့ ပစ္စည်းတွေကတော့ ကားနဲ့ တနိုင်ဖြစ်တာကြောင့် တန်ဘိုး အားဖြင့်တော့ ၁၀ သိန်းဖိုးလောက်ပဲ၊ ယိုးဒယား ခြင်ဆေး၊ ဓါတ်ဆားထုတ်၊ ပိုးသတ်ဆေး၊ ယားနာလိမ်းဆေး၊ ဆန်ဆီဆား၊ အ၀တ်အထည်တွေယူသွားပါမယ်၊ သိပ်များရင်လဲ လှူဖို့ ဆိုတာ သိပ်သိသာပြီး သိမ်းခံနေရမှာစိုးလို့  ပထမ အခေါက်ဆိုတော့ များများမယူတော့ပါဘူ၊ အဓိကတော့  အဲဒီမြို့ ရဲ့ အခြေအနေသိချင်ပြီး နောက်အခေါက်တွေ ဘယ်လိုကူညီလို့ ဖြစ်နိုင်မလဲဆိုတာ ကိုယ့်အတွက်ရော၊ တခြား အဖွဲ့ တွေအတွက်ရော နည်းလမ်းတွေ ရမယ်ထင်ပါတယ်၊


   ဒုက္ခသည်တွေကတော့ စားဖို့ နဲ့  နေဖို့ က အရေးအကြီးဆုံးဖြစ်နေပါတယ်၊ ရှမ်းပြည်က လာကူတဲ့မိတ်ဆွေက ခေါက်ဆွဲခြောက်ထုပ်တွေ လိုက်ဝေတာ တန်းစီနေတဲ့ လူတန်းကြီး နည်းတာမဟုတ်ဘူး၊ ပိန်ကပ်နေတဲ့ လူတယောက် အတင်းဖြက်တက်ပြီး ကျွန်တော်သိပ်သိပ်ဆာလွန်းလို့ ကျွန်တော့ကို အရင် ပေးပါလားခင်ဗျာ လို့ လာပြောတာမြင်ရတော့ တော်တော်ဝမ်းနည်းမိတယ် လို့ ပြောပါတယ်၊ ထမင်းကျွေးရင် ပဲဟင်း၊ အသားဟင်းတွေ စုပြုံချကျွေးရတယ်၊ ဘိုကလေးက ၇၅ ရာနှုံးပျက်စီးသွားပြီး လပွတ္တာမြို့ ကတော့ ၉၅ ရာနှုံးပျက်စီးသွားတယ်လို့ ပြောကြတယ်၊


  နိုင်ငံခြားသံရုံးတွေကလည်း သူတို့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ သွားကြတယ်၊ အဲဒီ သံတမန် နိုင်ငံခြားသားတွေတော့ သွားခွင့်ပြုတယ်၊ မြန်မာတယောက် ကတော့ စကားပြန်အနေနဲ့ လိုက်ရတယ်၊ နိုင်ငံခြားအထောက်အပံ့ကို ပေါ်လစီကြောင့်လားမသိဘူး၊ လက်မခံဘူးတဲ့၊ တနေ့ က ကာတာနိုင်ငံကဆိုလား လေယာဉ်ဆိုက်လာပြီး ဆေးပညာရှင်၊ မုန်တိုင်းပညာရှင်တွေ အများကြီး ပါလာတယ်၊ လေယာဉ်ပေါ်က မဆင်းပဲ လေယာဉ်ထဲမှာပဲ နေပြီး၊ လိုအပ်တာတွေ ကူညီချင်ပါတယ် ပြောလဲ မရတော့ အဲဒီလေယာဉ် ရန်ကုန်က ပြန်သွားပြီ သိရတယ်၊


  အထက်မြန်မာပြည် မန္တလေး၊ ရှမ်းပြည်က ကူညီဖို့ လာတဲ့လူတွေလည်း သူတို့ ပစ္စည်းတွေလက်မခံသေးတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်၊ ကူညီချင်လွန်းလို့  လာတဲ့လူတွေကိုတောင် လက်မခံတာ ဘယ်လို ဒေါသဖြစ်မှန်းမသိပါဘူး၊ ရက်စက်မှူကတော့ အံသြလောက်ပါတယ်၊
 



Singapore Red Cross Credit

 


#05-12A  Peninsula Plaza
(Tel: 63371569)
 

wpe6.jpg (7805 bytes)

 


Singapore Vote NO
Photo Illustration




Photo of the Month
April 2008 by Sg

 


Moemaka.com