|
ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့  (စင်ကာပူ)
ှတွေ့ ဆုံ ဆွေးနွေးခြင်း - မေလ ၉ရက်၊ ၂၀၀၈
မြန်မာနိုင်ငံ
စစ်အာဏာရှင်စနစ်ကျဆုံးရေး
မေး၊
ပြည်ပရောက်မျိုးချစ်မြန်မာများ အဖွဲ့ အစည်း ဒီ မေလထဲမှာ
စင်ကာပူသံရုံးရှေ့ ကန့် ကွက်မဲပေး ဆန္ဒပေးပွဲ နဲ့  အခု မြန်မာပြည်
ဆိုင်ကလုန်းကူညီမှု တွေမှာ အံသြဘွယ် စည်းရုံးလုပ်ဆောင် နိုင်ခဲ့တာ
အာကျမိပါတယ်၊ အဖွဲ့ ကို ဘယ်တုံးက ဘယ်လို၊ ဘယ်သူတွေ
စတင်ခဲ့ကြပါလဲ - ပြောပြပေးပါ၊

ဖြေ၊ အဖွဲ့ အစည်းအနေနဲ့ ကတော့ ၂၀၀၇ စက်တင်ဘာ သံဃာ့ကံဆောင်
သပိတ်ပွဲကနေ မခံမရပ်နိုင်ဖြစ်တဲ့ မျိုးချစ်မြန်မာလူကြီး၊ လူငယ်များ
စတင်ခဲ့ခြင်းဖြစ်ပါတယ်၊ ဘုန်းတော်ကြီးများကို ရက်စက်စွာ သတ်ဖြတ်၊
နှိမ်နှင်းနေချိန်မှာပဲ လူငယ်အုပ်စုများ စုစည်းပြီး၊ စင်ကာပူမှာ
အဖြုရောက် လမ်းရှောက်ပွဲ၊ အနီရောက်အင်္ကျီ များဝတ်ဆင်ခြင်း၊ တိုပါးရိုး
မြန်မာဘုန်းတော်ကြီး ကျောင်းမှာ မေတ္တာပို့ ဆုတောင်း၊ ပရိတ်ရွတ်ခြင်း
စသည်တို့ ကိုလုပ်ဆောင်ခဲ့ပါတယ်၊ လူငယ်အများစုကတော့ တိမားဆက်
ပိုလီကျောင်းထွက်တွေဖြစ်ပြီ၊ လွန်ခဲ့တဲ့ ၁၉၉၇ လောက်ကတည်းက တိမားဆက်
ပိုလီတက်ကနစ် ကျောင်းသားများ သင်္ကြန်ပွဲကို သီဆို၊ကပွဲများ၊
စတိတ်ရှိးတီးမှုတ်ခြင်းတွေနဲ့ စတင်ခဲ့ပါတယ်၊ အစိုးရကို ပွင့်လင်းစွာ
ဝေဖန်ပြောတဲ့ သင်္ကြန်ပွဲ ဗွီစီဒီတခုဟာ မြန်မာတပြည်လုံးအထိ
ပေါက်ရောက်ခဲ့ပါတယ်၊ ဒီ ပိုလီတက်ကနစ် လူငယ်အုပ်စုများ
(စင်ကာပူမှာရှိတဲ့ ပိုလီ ဒီပလိုမာကျောင်းသားများ) ဟာ
စင်ကာပူနိုင်ငံမှာဆက်လက်အလုပ်လုပ်ရင်း နောက်ပိုင်း စင်ကာပူတက္ကသိုလ်၊
အင်တီယူ၊ အင်ယူအက်စ် တွေမှာ ဆက်တက်ရင်း ဒီဂရီတွေ ရကုန်ကြပါပြီ၊
ဒီလူငယ်အင်အားစု့ကို အင်ဘားပြုပြီး စင်ကာပူမှာ အလုပ်လုပ်နေတဲ့
မြန်မာစီးပွားရေး လုပ်ငန်းရှင်၊ အင်ဂျင်နီယာ၊ ဘူမိဗေဒပညာရှင်၊ ဆရာဝန်၊
သူနာပြု၊ စာရင်းကိုင် စတဲ့ တတ်သိပညာရှင်များနဲ့  နောက်ဆုံး
ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ ဆေးရုံ တွေမှာ အလုပ်လုပ်တဲ့
မြန်မာများပါဝင်လာပြီး လှုပ်ရှားမှုဟာ ပိုမိုအောင်မြင်လာပါတယ်၊
မေး၊ စင်ကာပူက ဒီမုန်တိုင်းအလွန်ကယ်ဆယ်ရေးအတွက် ငွေကောက်တာ
၅ရက်အတွင်း ဒေါ်လာ ၅သောင်းလောက်ရတယ်ဆိုတော့ တော်တော် အားရစရာပါပဲ၊
စင်ကာပူမှာ လှုပ်ရှားရတာ လွယ်ကူရဲ့ လား
ဖြေ၊ အမှန်ပြောရရင် စင်ကာပူအစိုးရဟာ ရေမှုတ်တဖက်၊
မီးစတဖက်လုပ်နေပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အမေရိကန်ဖိအားကို
နိုင်ငံသေးလေးကမခံနိုင်ပါဘူး။ စစ်အစိုးရဗိုလ်ချုပ်ကြီးများနဲ
့စီးပွားရေး သမားကြီးတွေရဲ့ ပိုက်ဆံတွေက စိတ်ချရတဲ့
စင်ကာပူဘဏ်တွေမှာထားတော့ မြန်မာအစိုးရဘက်သားလို့ ပဲပြောနိုင်ပါတယ်၊
လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးကုမဏီ အဖွဲ့ အစည်းကို တရားဝင်
ရီဂျစ်စတာလုပ်ရင်တောင် ဘားမီး၊ ဘားမား Burmese, Burma ဆိုတဲ့
စကားလုံးမပါရပါဘူ၊ Burmese Buddhist Temple ကတော့ လွန်ခဲ့တဲ့
နှစ်၂၀ကျော်က ရီဂျစ်စတာလုပ်ထားတော့
Myanmar လို
့အတင်းမပြောင်းခိုင်းပေမဲ့ အသစ်ရီဂျစ်စတာလုပ်ရင် အရမ်းစီစစ်ပါတယ်၊
ဒါလောက်ဆို စင်ကာပူအစိုးရရဲ့  သဘောထားအမြင်ကို သဘော
ပေါက်လောက်ပါတယ်နော်၊ အလှူငွေကောက်တာလည်း တရားမ၀င်ကောက်ရ တာပဲ၊
အရင် စက်တင်ဘာ ဘုန်းတော်ကြီးကိစ္စ အလှူကောက်တာတော့ တိတ်တိတ်ကောက်ရတယ်၊
အခု မုန်တိုင်းကယ်ဆယ်ရေးအလှူကောက်တာကို စင်ကာပူအစိုးရက
မြန်မာအသိုင်းအ၀ိုင်းတွေမှာပဲကောက်ရင် အိုကေ လို့ ပြောပါတယ်၊
မြန်မာများစုရပ်ဖြစ်တဲ့ ပင်နီစူလား ပလာစာမှာ တရားဝင်ပုံစံကောက်လို
့ရသွားတယ်ပေါ့၊ ပင်နီစူလာ ပလာစာ ၂ထပ်မှာ လင်းလဲ့ဆိုင်၊ ၃ ထပ်မှာ
စင်းမြန်မာဆိုင်၊ လေးထပ်မှာ စီးတီပွိုင့်၊ ငါးထပ်မှာ သပြေနု စသည်တို
့အပြင် အခြားမြန်မာများစုရပ်တွေဖြစ်တဲ့ Eunos ဓါတ်တော်တိုက်ကျောင်း၊
Jurong East စစ်သူကြီးဆိုင်၊ Boonlay ရွေသရဖူဆိုင်၊ Clementi ကောင်းဖုံ
စတဲ့နေရာတွေမှာ ဖြန့် ကျက် ကောက်ခံပါတယ်၊
မေး၊ ငွေကောက်ခံတာတော့တော်တော်အောင်မြင်ပါတယ်၊ စင်ကာပူ မြန်မာ
မဟုတ်သူများရဲ့ အဖွဲ့ အစည်း ကူညီထောက်ပံမှုတွေကော ရပါသလား၊
ဖြေ၊ အိုဘီပီဟာ မြန်မာအသိုင်းအ၀ိုင်းထဲမှာပဲ
လှုပ်ရှားပါတယ်၊ စင်ကာပူနိုင်ငံသားများရဲ့ အကူအညီလည်းရပေမဲ့ သူတို့ က
သူတို့ ရဲ့ Charity အဖွဲ့ များကိုပဲ ယုံပါတယ်၊ ဥပမာ Singapore Red
Cross ..etc ၊ အခုကိစ္စမှာတော့ နိုင်ငံတကာပစ္စည်း၊ ငွေပဲ ငါတို့ ကိုပေး၊
ကယ်ဆယ်ရေးလုပ်မဲ့ နိုင်ငံခြားသားတွေကို ဗီဇာမပေးတော့
နိုင်ငံခြားသားတွေလဲ မြန်မာအဖွဲ့ တွေကို ကူညီချင်လာတယ်၊
စင်ကာပူမှာရှိတဲ့ လူငယ်ကျောင်းသားအဖွဲ့ တွေကတော့ မြန်မာပြည်ပြန်၊
လုပ်အားပေးသူတွေရှိနေပြီ၊ သူတို့ ကျောင်းနဲ့ ဆိုင်တဲ့
ကျောင်းသား၊မိဘများက နောက်ကအားပေးကြတယ်၊ မြန်မာပြည်ပြန်သွားကူညီတဲ့
ကျောင်းသား၊ လူငယ်၊ လူကြီးတော်တော်ရှိနေပါပြီ၊ သူတို
့အားလုံးနီးပါးကတော့ မြန်မာပတ်စ်ပို့ ကိုင်သူများဖြစ်တယ်၊
ကိုယ့်စရိတ်နဲ့ ကိုယ်သွားသူများဖြစ်တယ်၊

အိုဘီပီ စတင်လုပ်ဆောင်စဉ်ကတည်းက မြန်မာများကို သံယောဇဉ်ရှိတဲ့ စင်ကာပူက
Charity Organization တွေရှိပါတယ်၊ ရှင်ရှင်ပြောရရင် အိုပီဗီရဲ့
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွက် စင်ကာပူမှာ လူထုစည်းဝေးကြီး တခု
လုပ်ဆောင်ဖို့ ကြိုးစာစဉ်မှာ အပြင်၊ အောက်ဒိုးလုပ်ခွင်မရတော့
အင်ဒိုးပါပစ်ကို စင်ကာပူ Charity Organization ကငွေကြေးအကူညီ
ပေးခဲ့ပါတယ်၊ နောက်ပိုင်း အားစီယံဆန်းမစ်ရောက်တော့လည်း အတိုက်အခံပါတီ
Singapore Democrat က သူတို့ ဟော်တယ်တခုမှာ လူ့ အခွင့်အရေးပြပြီး
မြန်မာအရေးအခန်းအနားလုပ်တော့မှာ မြန်မာများကို Excesior Hotel
မှာပါမစ်ပေးပြီး၊ အဲဒီ စင်ကာပူအဖွဲ့ အစည်းများကပဲ ငွေကြေး အကူညီတချို့ 
ပေးခဲ့ပါတယ်၊ ဒါပေမဲ့ အဓိကငွေကြေးကတော့
အိုဘီပီ အဖွဲ
့သားများဆီကပဲရပါတယ်၊ လှုပ်ရှားသူများ တချို့ သူတို့ ဝမ်းရေးအလုပ်တောင်
ရပ်တံ့ထားပြီး အိုပီဘီအတွက် လူအား၊ ငွေအား။ အချိန်ပြည်
အစွမ်းကုန်ကူညီနေသူများရှိပါတယ်၊
ငွေဆိုတာ လူကလုပ်ထားတဲ့ အရာပါ၊ အိုဘီပီမှာ ငွေထက် လူအင်အားကို
အဓိကပိုထားပါတယ်၊ လူတွေများများ ပါဝင်လာရင် ငွေအင်အားက အလိုအလျောက်
ရောက်လာမယ် ယုံကြည်ပါတယ်၊
မေး၊ အိုဘီပီဟာ စင်ကာပူမှာ
အကြီးဆုံး၊ အထိရောက်ဆုံးလုပ်ဆောင်နေတဲ့ မြန်မာအဖွဲ့ ဖြစ်လို့ 
အင်မတန်အားရ၊ ၀မ်းသာမိပါတယ်၊ အခြား မြန်မာအဖွဲ့ အစည်းတွေနဲ့  ဘယ်လို
ပူပေါင်းဆောင်ရွက်နေပါသလဲ၊
ဖြေ၊
အခြားမြန်မာအဖွဲ့ အစည်းတွေကိုလည်း အိုဘီပီ
စည်းရုံးရေးသမားတွေက အီးမေး၊ အက်အမ်အက်စ်၊ လက်ကမ်းစာရွက်တွေနဲ့ 
ဖိတ်ခေါ်ပါတယ်၊ တယ်လီဖုန်းနဲ့ လည်း ဆက်သွယ်ပြီး အတူဝိုင်လုပ်ဆောင်ဖို့ 
ဆွေးနွေးတော့ အားလုံး လှိုက်လဲစွာ လက်ခံကြပါတယ်၊ စင်ကာပူမှာ ဦးစွာပထမ
မြန်မာ့အရေးလုပ်ခဲ့တဲ့ အိုးဝေ (စင်ကာပူ) အပြင်
နောက်ပိုင်းမှာပေါ်လာတဲ့ အခွန် ၂ထပ် မဆောင်ရေးအဖွဲ့ ၊
လမ်းပြကြယ်မြန်မာစာကြည့်တိုက်၊ မြန်မာနိုင်ငံသားများ
စောင့်ရှောက်ရေးအဖွဲ့  စတဲ့ အဖွဲ့ အစည်းတွေအပြင် ဘာသာရေး
ဘုန်းကြီးကျောင်း၊ ခရစ်ယန်ဘုရားကျောင်းတွေအပြင်
မြန်မာဆေးလုပ်ငန်းဆိုင်ရာ ဆရာဝန်၊ သူနာပြုများနဲ့ လည်း တိုင်ပင်၊
ပူးပေါင်းလုပ်ဆောင်နေပါတယ်၊ စင်ကာပူ မြန်မာကလပ်က အဖွဲ့ ဝင်များလည်း
အလှူငွေကောက်ခံနေတယ် သိရပါတယ်၊
အထူးသဖြင့် တက်ကြွစွာ လုပ်ကိုင်နိုင်သူတွေကတော့ စင်ကာပူ၊ ပေါ်လီ၊
အိုင်တီအီး နဲ့  ပုဂ္ဂလိကကျောင်း Private Schools တွေမှာ
မြန်မာပြည်ကလာပြီး Student Pass နဲ့ လုပ်နေကြတဲ့ ကျောင်းသားများဟာ
ပိုပြီးအားအင်ကြီးမားစွာလုပ်ကြတယ်၊ အိုဘီပီ နဲ့  လမ်းပြကြယ်ကို
လာလှူဒါန်းတဲ့  ကယ်ဆယ်ရေး အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း၊
စားကုန်ပစ္စည်းတွေလည်း လက်ခံရသေးတယ်၊ အဲဒါတွေကို ထုတ်ပိုးသိမ်းဆည်၊
ရွေးထုတ်ရတဲ့ အလုပ်တွေလည်း လူငယ်၊ လူကြီး အားလုံး ၀ိုင်းလုပ်ရပါတယ်၊
လောလောဆယ်တော့ အိုဘီပီ အစီအစဉ်နဲ့  ရန်ကုန်မှာ ဆန်အိတ်များ နဲ့ 
ထောက်ပံ့ရေးပစ္စည်းများကို ၀ယ်ထားပြီးဖြစ်ပါတယ်၊ မကြာမီ ဒုက္ခသည်များထံ
ရောက်သွားမယ်ဖြစ်ပါတယ်၊
မေး၊ အိုဘီပီရဲ့  အဓိကလုပ်ဆောင်ချက်
မိုင်တိုင်များကို နည်းနည်းပြောပြပေးပါဦး
ဖြေ။ ။ ရွှေဝါရောင်တော်လှန်ရေးက စပြီးရေတွက်ရင်
၁။ တိုပါးရို မြန်မာဘုန်းတော်ကြီးကျောင်းမှာ အပတ်စဉ် မေတ္တာပို့ ၊
ဆုတောင်းပွဲ နဲ့ အတူ အိုပီဘီ လူထုကော်မတီ အစည်းအဝေးကို
လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ နောက်ပိုင်းမှာ တိုးပါးရိုး
ဘုန်းကြီကျောင်းကော်မတီက ဘာသာရေးပဲ လုပ်မယ်ပြောပြီး၊
အခြေအတင်ပြောဆိုလာတာကြောင့် ယူနို့ စ် ဓါတ်တော်တိုက် မှာပဲ အပတ်စဉ်
လုပ်ဆောင်ခဲ့ပါတယ်၊
၂၊ အောက်တိုဘာ ၆ ရက် မှာ မြန်မာ ၄၀၀ ကျော် ပင်နီစူလာ Excesior
Hotel မှာ ဘုန်းတော်ကြီး ၉ပါးနဲ့  ဗီဒီယို၊ အော်ဒီယိုများ၊ နိုင်ငံတကာ
သတင်းထောက် များစွာနဲ့  မြန်မာ့အရေး၊ ဒီမိုကရေးစီ အရေး ဆွေးနွေးပွဲ
လုပ်ခဲ့ပါတယ်၊
၃၊ အာစီယံဆမ်းမစ် ASEAM SUMMIT အချိန် မစ္စတာဂမ်ဘာရီကို
စကားပြောခွင့်မပေးခဲ့လို့  စင်ကာပူလူစည်ကားတဲ့ အောချပ်လမ်းမမှာ
စင်ကာပူသမိုင်း နှစ်၆၀ အတွင်း ပထမအချိန် နိုင်ငံရေးဆန္ဒပြပွဲ
ငြိမ်းချမ်းစွာလုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ပါဝင် သူများကို ရဲစခန်း
့ခေါ်ယူသတိပေးခြင်းခံခဲ့ရပါတယ်၊

၎၊ အာစီယံဆမ်းမစ်နဲ
့အပြိုင် အာစီယံခေါင်းဆောင်များထံ မြန်မာ၅ထောင်ကျော် လက်မှတ်ထိုးတဲ့
တောင်းဆိုချက်တွေကို Excesior Hotel မှာပဲ တခဲနက်
တောင်းဆိုကြွေးကြော်ခဲ့ပါတယ်၊ မြန်မာများ ၆၀၀ ကျော် အနီရောင်အင်္ကျ
ီများနဲ့ ညီညွတ်အင်အားပြခဲ့ါပါတယ်၊
၅၊ အခါအားလျော်စွာ နိုင်ငံတကာ သံတမန်များ၊ ၀န်ကြီးများ၊
စင်ကာပူအစိုးရ၀န်ကြီးများ၊ စင်ကာပူပါလီမန်အမတ်များနဲ့ တွေ့ ဆုံဆွေးနွေး
ခဲ့ပါတယ်၊ ပညာရှင်များ၊ တက္ကသိုလ်ဆရာများ၊ နိုင်ငံရေးသုတေသီများ၊
လူမှုရေး လုပ်ဆောင်သူအဖွဲ့ များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ တွေ
့ဆုံခြင်း မကြာခဏ လုပ်နိုင်ခဲ့ပါတယ်၊
၆၊ ရမ်ဘို ရုပ်ရှင်ဇတ်ကား စင်ကာပူမှာရုံသွင်းပြသတဲ့ ၂၁-ဖေဖေါ်ဝါရီ မှာ
အခွင်အရေးယူပြီး
Indoor အခန်းအနားတခုကို ရုပ်ရှင်ရုံမှာ
ကျင်းပနိုင်ခဲ့ပါတယ်၊ မြန်မာ ၆၀၀ ကျော်ကို လက်မှတ်ရောင်းပြီး
ရုပ်ရှင်ရုံထဲမှာ စစ်အစိုရ ရက်စက်မှုများကို ပြောကြား၊ ဗီဒီယိုကလစ်၊
ဒီမိုကရေစီ သီချင်းများ ဖွင့်နားထောင်းပြီး
ရုပ်ရှင်ပြီးအောင်ကြည့်ပါတယ်၊ ရုပ်ရှင်အပြီးမှာ နိုင်ငံတော်
သီချင်းတခဲနက် ၀ိုင်းဆိုရင်း၊ စစ်အစိုးရကျဆုံးစေရေး ကြွေးကျော်သံများ နဲ
့
အဆုံးသတ်ခဲ့ပါတယ်၊
၇၊ မြန်မာစစ်အာဏာရှင်များ တဖက်သတ်ရေးဆွဲတဲ့ အခြေခံဥပဒေနဲ့ 
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကန့် ကွတ်မဲပေးရန်
အလုပ်သမားတန်းရားများတိုင် အထူးစည်းရုံးရေးဆင်းခဲ့ပါတယ်၊ ၂၇-ဧပြီလမှာ
မြန်မာသံရုံးရှေ့ တခဲခက် ကန့် ကွက်မဲ ပေး၊
နိုင်ငံတော်သီချင်းဝိုင်ဆိုခြင်းကို လူ ၃၀၀၀ အထက် လာရောက်
ဆင်နွဲခဲ့ခြင်းဟာ အောက်ဒိုးအခန်းအနားတခုကို စင်ကာပူမှာ အောင်မြင်စွာ
ဆောင်ရွက်နိုင်ခြင်းပါ၊
၈၊ နောက်ဆုံးကတော့ မြန်မာပြည် မုန်တိုင်းအလွန် ကယ်ဆယ်ရေးလုပ်ငန်းပါ၊
မေး၊ ရှေ့ ဆက်ပြီး
အိုဘီပီ ဘယ်လိုလှုပ်ရှားမလဲ၊
ဖြေ။ ။မြန်မာပြည် စစ်အာဏာရှင်စနစ်
ကျဆုံးရေးကို ဦးတည်ပြီး တတ်နိုင်သရွေ့  စင်ကာပူက မျိုးချစ်မြန်မာများ
အင်အားနဲ့ လုပ်ဆောင်သွားမှာပါ၊ လောလောဆယ်တော့ ကယ်ဆယ်ရေးလုပ်ငန်းကို
ဇောက်ချလုပ်ကိုင် ရမှာဖြစ်ပါတယ်၊ ပိုပြီးအားပေးတိုက်တွန်းရမဲ့
အချက်ကတော့ မြန်မာပြည်ကို ပြန်ပြီး ကယ်ဆယ်ရေးလုပ်အားပေးမဲ့
မြန်မာများများရရှိရေးနဲ့  ပြန်မဲ့မြန်မာများကိုလည်း
ကယ်ဆယ်ရေးလုပ်ငန်းကို မြန်မာပြည်မှာ တတ်နိုင်သလောက် ကူညီပေးရေးအတွက်
တိုက်တွန်းရမှာဖြစ်ပါတယ်။
ဝတ်မှုံ (စင်ကာပူ)
၁၀-မေလ-၂၀၀၈
မှတ်ချက်၊ ဤအမေးအဖြေကို
အိုဘီပီတွင် ပါဝင်လုပ်ဆောင်နေသော များစွာသော အဖွဲ့ သားများအား
မေးမြန်းဆွေးနွေးမှုများမှ
အခြေခံခြင်း ဖြစ်ပါသည်၊
မှားယွင်းသောအချက်များရှိပါက ဆောင်းပါရှင် တာဝန်သာ ဖြစ်ပါသည်၊
WitMone, 10-May-2008

Singapore Red Cross Credit
|