ဒေါက်တာမြင့်မြင့်စန်း - မြန်မာပြည်မုန်တိုင်း ဆေးဝါးအကူညီ
အင်တာဗျူး - ၈-ဧပြီ ၂၀၀၈
်ဝမ်းနည်းပေမဲ့ လုပ်နိုင်တာလုပ်ပေးဘို့ 
   စင်ကာပူမှာ ကမ်ဘာကမ် ဆေးခန်းဖွင့်ပြီး နှစ်ပေါင်း၂၀ကျော် ဆေးဆရာဝန် လုပ်ငန်း၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေးတွေမှာ အားတက်သရော လုပ်ဆောင်လေ့ရှိတဲ့ ဆရာမ ဒေါက်တာမြင့်မြင့်စန်းနဲ့  မြန်မာပြည် မုန်တိုင်းကိစ္စ ဆွေးနွေးဖြစ်ပါတယ်၊

       
မေး၊  ဆရာမ အခု စင်ကာပူရောက်နေတော့ ဘယ်လိုလှုပ်ရှားခဲ့ပါသလဲ

ဖြေ၊  ကျွန်မ ဆေးရုံကတော့ မြန်မာပြည်မှာရှိပါတယ်၊  http://kembangan-radiant.com  နေတာကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အေးဆေးစွာနေပါတယ်၊ စင်ကာပူမှာ အနှစ်၂၀ကျော် မြန်မာ လူနာများကို ကုသပေးခဲ့တော့ သူတို့ တောင်းဆိုချက်အရ ၂၀၀၇ မှာ ကမ်ဘာဂမ်ဆေးခန်းကို စင်ကာပူ၊ ပင်နီစူလာရှော့ပင်စင်တာ ၃ထပ် အခန်းနံပါတ် ၂၄ မှာ ပြန်ဖွင့်ထားပါတယ်၊ တလကို တပတ်လောက် လူနာတွေ လာကြည့်ရင်း ဒီတခေါက်တော့ မြန်မာပြည် နာဂစ်စ် မုန်တိုင်းနဲ့ ကြုံသွားတော့ စင်ကာပူမှာပဲ မိတ်ဆွေများနဲ့  လုပ်နိုင်သရွေ့ လုပ်ရပါတယ်၊
   ပထမဆုံးတော့ ဆေးဖက်ဆိုင်ရာ မိတ်ဆွေများရဲ့  ဆက်သွယ်ပြီး၊ ဆေးဝါး အကူအညီပေးမှုများကို လက်ခံရပါတယ်၊ စင်ကာပူ စီးတီးဟာဗက်စ် ခရစ်ယန်ကျောင်းကလည်း ဆက်သွယ်ပြီး ဆေးဝါးစာရင်းများယူပါတယ်၊ စင်ကာပူ လူမှုရေးလုပ်ဆောင်တဲ့ အဖွဲ့ များ အထူးသဖြင့် အိုဘီပီ မျိုးချစ်မြန်မာများအဖွဲ့ ကလည်း ဆေးဝါးနဲ့  ဒုက္ခသယ်များကို ဘယ်လိုကူညီနိုင်မယ် ကိုမေးမြန်းတိုင်ပင်ပေးပါတယ်၊ မြန်မာသံရုံး၊ မြန်မာကလပ် စတဲ့ မြန်မာအသင်းအဖွဲ့ များနဲ့ လည်း တိုင်ပင်ပြီး ဘယ်လိုအမြန်ဆုံးကူညီနိုင်မယ် တိုင်ပင်ပါတယ်၊ စုဆောင်းရရှိထားတဲ့ ဆေးဝါးပစ္စည်းများကို မြန်မာပြည်အမြန်ဆုံးပို့ နိုင်ရေးအတွက် လူကြုံများအထူးရှာဖွေနေပါတယ်၊
 


မေး၊ ဆရာမရဲ့ မြန်မာပြည်ရှိ ဆေးခန်းက ဘယ်လိုလှုပ်ရှားနေပါသလဲ

ဖြေ၊ လောလောဆယ်တော့ တိုင်ပင်မှုတွေပဲလုပ်နိုင်ပါတယ်၊ အင်ဂျီအိုအဖွဲ့ များ၊ နိုင်ငံတကာ သံသမန်များက သူတို့ ပစ္စည်း၊ လူ အကူအညီတွေရောက်ရင် ကူညီလုပ်ကိုင်ပေးဖို့ ကိစ္စတွေပါပဲ၊  မြန်မာပြည်အစိုးရက နိုင်ငံခြားအဖွဲ့ များ ၀င်ရောက်လာပြီး ကူညီရင် နိုင်ငံရေးတွေမှာ ရှုပ်လာမှာ စိုးရိပ်ပုံရတော့၊ အခုထိ တော့ ကမ္ဘာ့ နိုင်ငံများနဲ့  အင်ဂျီအို အဖွဲ့ များ လေယာဉ်နဲ့  အစုလိုက် လာရောက်တယ်တော့ မကြားသေးပါဘူး၊  ရှေ့ တန်း လပွတ္တာ၊ ဘိုကလေး၊ ဟိုင်းကြီးတွေမှာတော့ တော်တော်ဆိုးတော့ အဲဒီနေရာတွေ သွားဖို့  လုပ်အားပေးတွေစီစဉ်နေတာတော့ရှိပါတယ်၊ အသွားအလာက အရမ်းခက်ခဲတော့ လက်တွေ့ မှာ ကိုယ်ထိလက်ရောက်သွားနိုင်ရေးက တော်တော်မလွယ်ပါဘူး၊  အစိုးရ ကိုပဲ အဓိကအားထားနေရပြီး၊ ဆေးခန်း ၀န်ထမ်းတွေကတော့ လှုဒါန်းရရှိထားတဲ့ ဆေးဝါးပစ္စည်းတွေကို စုဆောင်းပြီး အသင့်ပြင်ဆင်ထားရပါတယ်၊
 


မေး၊  ငွေနဲ့ ဆေးဝါးတွေကို ရန်ကုန် ပို့ ပေးရတာ ဘာအခက်အခဲရှိပါသလဲ၊ ဘယ်လိုနည်းနဲ့ အမြန်ဆုံး၊ အထိရောက်ဆုံး ပို့ နိုင်မယ် ထင်ပါသလဲ၊

ဖြေ၊  ငွေပို့ ပေးတာတော့ အခက်အခဲ လုံးဝမရှိပါဘူး။ ရန်ကုန်မှာရှိတဲ့ ကိုယ်မိတ်ဆွေများကတော့ ကျွန်မတို့ ငွေကို လက်ခံထားပြီး ဖြစ်စေတဲ့အတိုင်း သင့်တဲ့နေရာတွေကို ပို့ ပေးနိုင်ပါတယ်၊ ဆေးဝါး နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုတော့ ပို့ ပေးရတာ တော်တော်ခက်ခဲပါတယ်၊ အရေးကြီးတော့ လူကိုယ်တိုင် ရန်ကုန်ပြန်မဲ့ လူကြုံတွေ သယ်ပေးကြပါတယ်၊ အခု ကျွန်မ ချင်းမိုင်ကို ပြန်စရာရှိတော့ စင်ကာပူမှာစုလို့ ရတဲ့ ဆေးဝါး ပစ္စည်းတွေ သယ်နိုင်သလောက်သယ်သွားပါမယ်၊ ထိုင်းနိုင်ငံ မဲဆောက်ကနေ မြန်မာကုန်သည်ကြီးများအဖွဲ့ တွေနဲ့ ပို့ ပေးနိုင်ပါတယ်၊ သူတို့ က နယ်စပ်ဒေသ  မြိုင်ကြီးငူအဖွဲ့ နဲ့  မြန်မာစစ်တပ်များ ခွင့်ပြုချက် နဲ့ တရာဝင်ကုန်ကူးနေတော့ တရာက်နဲ့ ရောက်သွားနိုင်ပါတယ်၊
 


မေး၊  ဘာသာရေး၊ လူမှုရေးအဖွဲ့ တွေကော ဘယ်လိုသဘောရှိပါသလဲ၊ ဆရာမ ပါဝင်လှုပ်ရှားပြီး စင်ကာပူအစိုးရထံ တရားဝင် ရီဂျစ်စတာ လုပ်ပေးထားခဲ့တဲ့ မြန်မာကလပ် နဲ့  ယုဒသန် မြန်မာ ခရစ်ယန်ဘုရားကျောင်းတွေနဲ့ အဆက်အသွယ်ရှိပါသလား၊

  ရှိပါတယ်၊  မြန်မာကလပ်ကတော့ ကိုဇော်ထွန်း၊ ကိုမြင့်စိုးသိန်း၊ မသန်းသန်းနု စသဖြင့် ပင်နီစူလာ ပလာစာက မိတ်ဆွေများ အလှူငွေကောက်ခံပေးနေတယ် သိရပါတယ်၊ အမြန်ဆုံး မြန်မာပြည်ကို ပို့ ပေးရေးအတွက် ကြိုးစာနေကြပါတယ်၊ စင်ကာပူ ကြက်ခြေနီအဖွဲ့ နဲ့ လည်း စကားပြောဖြစ်ပါတယ်၊ စင်ကာပူကြက်ခြေနီကတော့ အထိရောက်ဆုံးကူညီနိုင်မယ်ထင်ပါတယ်၊ အိုဗီပီ အဖွဲ့ ကတော့ ငွေ ဒေါ်လာ လေးသောင်း ၇ ထောင်ကျော် ရထားပြီလို့ ကြားပါတယ်၊ သူတို့ ကိုလည်း မုန်တိုင်းဒုက္ခသယ်များ ကျန်းမာရေးအတွက် လိုအပ်တာတွေကို ဆေးပညာရှင်အနေနဲ့ ပြောကြားပေးပါတယ်၊  ယုဒသန်ခရစ်ယန်အသင်းကတော့ စင်ကာပူမြန်မာခရစ်ယာန်အသင်းများစုပေါင်းပြီး စိန့် အင်ဒရူးကျောင်းမှာ ဆုတောင်း၊ အလှူငွေကောက်၊ တိုင်ပင်ဆွေးနွေးမှု အက်ရှင်များလုပ်နေကြတယ်၊ မြန်မာပြည်ကို အမြန်ဆုံးသွားရောက်ဖို လုပ်အားပေး ၇ ယောက် ရထားပြီပြောပါတယ်၊ မြန်မာ ပတ်စ်ပို့ ကိုင်သူတွေပဲ သွားနိုင်တဲ့ အချိန်ဖြစ်ပါတယ်၊ စင်ကာပူနိုင်ငံ ပတ်စ်ပို့ ကိုင်သူများကတော့ ဗီဇာလျောက်နေရသေးတော့ ပြည်တွင်းကို ၀င်ဖို့ အခက်အခဲရှိပါတယ်၊  မြန်မာသံရုံး၊ မြန်မာကလပ်၊ အိုဘီပီ၊ လမ်းပြကြယ် စတဲ့ အဖွဲ့ အစည်းများနဲ့ ကျွန်မဘယ်နေရာရောက်ရောက် မြန်မာပြည်မုန်တိုင်းကိစ္စ ဆက်လက်တိုင်ပင်၊ ကူညီနေမှာပါ၊
 


မေး၊  မုန်တိုင်းကယ်ဆယ်ရေး ငွေ နဲ့  ပစ္စည်းတွေ မြန်မာပြည်ကို ပို့ ပေးဖို့ ကူညီနိုင်မယ်ဆိုရင် ဆရာမကို ဘယ်လိုဆက်သွယ်နိုင်ပါသလား၊

ဖြေ၊  လူမှုရေးလုပ်ငန်းဆိုတော့ အင်ဂျီအိုအဖွဲ့ များအနေနဲ့ သူနည်းသူဟန်ရှိမှာပါ၊ နိုင်ငံရေးမပတ်သတ်ချင်တဲ့ လူမှုရေးအဖွဲ့ တွေလည်း အများကြီးရှိမှာပါ၊ ဘယ်အဖွဲ့ ကိုပဲဖြစ်ဖြစ် ပစ္စည်းတွေ (အထူးသဖြင့် ဆေးဝါးပစ္စည်းများ) မြန်မာပြည်ကို ပို့ ပေးဖို့ ကူညီနိုင်သရွေ့ ကူညီပါမယ်၊ ဆက်သွယ်ရန် mmsann2004@yahoo.com ဖြစ်ပါတယ်၊

မေး၊  ကျေးဇူးအများကြီးတင်ပါတယ် ဆရာမ
WitMone,  8-May-2008



http://kembangan-radiant.com

 



Singapore Red Cross Credit

 


#05-12A  Peninsula Plaza
(Tel: 63371569)
 

wpe6.jpg (7805 bytes)

 


Singapore Vote NO
Photo Illustration




Photo of the Month
April 2008 by Sg

 


Moemaka.com