နာဂစ်စ် မုန်တိုင်းအပြီး စင်ကာပူမှ မြန်မာများ

   မုန်တိုင်းကြီးကတော့ ပြီးသွားပါပြီ၊ ရန်ကုန်မြို့ လူထုတောင် မေလ ၂ရက် ညနေပိုင်းအထိ အေးအေးဆေးဆေးပါပဲ။ အစိုးရကလည်း အရေးမကြီးသလို၊ အရေးကြီးသလို သတင်းစာထဲမှာရော၊ ရေဒီယိုတွေမှာပါ ကြေငြာပေမဲ့ မထိရောက်ပါဘူး၊ နိုင်ငံတကာကလည်း မြန်မာပြည်ဆိုတာဘယ်လိုလဲ ကောင်းကောင်းမသိတော့ အတုံးအရုံးသေသွားကြတဲ့ ဧရာဝတီတိုင်း ပြည်သူလူထုကို ထိရောက်စွာပြောကြားနိုင်၊ လုပ်ဆောင်နိုင်မှု မရှိပါဘူး။ ကြိုတင်ပြင်ဆင်နိုင်စွမ်းအားက န့ အ့ ဖ စစ်တပ်မှာပဲရှိတော့ နောက်ဆုံး ၀မ်းနည်းဖွယ်ရာ မြန်မာ့သမိုင်း ကြီးမားလှတဲ့ သဘာဝဘေးအန္တရယ်က အောင်နိုင်သွားပါတယ်၊ ပြီးတာတော့ ပြီးပါစေ၊ ရှေ့ ဆက်ဘာလုပ်ကြမလဲ၊

   မြန်မာပြည်တွင်းကတော့ န့ အ့ ဖ အစိုးရ ပြည်ပအကူအညီများကို လက်ခံရုံမကဘူး၊ ပြည်ပက ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ တွေကို ပြည်ဝင်ခွင့်ဗီဇာပေးပြီး လက်ခံဖို့  အထူးအရေးကြီးနေပါတယ်၊ အနောက်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့  စစ်အစိုးရက ကြောက်ပါတယ်၊ World Vision, United Nation စတဲ့ အင်ဂျီအို အဖွဲ့ ကြီးတွေကို စောင့်ကြည့်နေပါတယ်၊ ပိုပြီးထိရောက်တဲ့ ပြည်ပအကူအညီကတော့ အရှေ့ တောင်အာရှ နိုင်ငံတွေပဲ ဖြစ်မှာပါ၊ တရုပ်၊ အိန္နိယ နိုင်ငံကြီးတွေကတော့ အကူအညီတွေ ပို့ ပေးနေပါပြီ၊ ဒါပေမဲ့ ပထမဆုံး ပြည်ပအကူအညီကတော့ စင်ကာပူအစိုးရဖြစ်ပါတယ်၊ စစ်အစိုးရဲ့  အထူးမိတ်ဆွေ၊ ဗိုလ်ချုပ်ကြီးများ ဆေးစစ်၊ ဆေးကု၊ ဈေးဝယ်တဲ့ နိုင်ငံဖြစ်နေတော့ လက်ခံပုံရပါတယ်၊ မြန်မာပြည်ပို့ လိုတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေတောင် စင်ကာပူအစိုးရရဲ့ လူမှုရေးအဖွဲ့ တွေဖြစ်တဲ့ ကြက်ခြေနီ Red Cross အဖွဲ့ တွေကတဆင့် လက်ခံနေတယ် သိရပါတယ်၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ကတော့ မြန်မာပြည်ကို ရှေ့ ပြေးအဖွဲ့ တွေ ရောက်သွားပြီ သိရတယ်၊

 

မုန်တိုင်း ကယ်ဆယ်ရေးရံပုံငွေ
  
စင်ကာပူမှ အိုဘီပီ (ပြည်ပရောက် မျိုးချစ်မြန်မာအဖွဲ  Overseas Burmese Patriots) မှကောက်ခံရငွေများမှာ ဒေါ်လာ၂၅၀၀၀ ခန့် (၆-မေ ကြေငြာချက်၊ လင်းလဲ့၊ စင်းမြန်မာ၊ သပြေနု ဆိုင်များ နှင့် ယူးနို့ စ်ဓါတ်တော်တိုက် တို့ တွင် လှူဒါန်းနိုင်ပါသည်၊) လမ်းပြကြယ်စာကြည့်တိုက်မှ မြန်မာပြည်မုန်တိုင်းအတွက် အထူးရံပုံငွေကောက်ခံလျက်ရှိပါတယ်။ ပင်နီစူလာပလာစာ ၅ထပ် အခန်း ၁၂ တွင်လာရောက်လှူဒါန်းနိုင်ပါသည်၊ လမ်းပြကြည်အတွက် မြသရဖူ၊ သီရိမွန်၊မေမြန်မာ၊ ကမ်ဘာကမ်ဆေးခန်း စသည်တို့ မှာလည်း လှူဒါန်းနိုင်ပါတယ်၊

အခြား ကယ်ဆယ်ရေးသတင်းများ
    မြန်မာကလပ်၊ တိုပါးရိုးဘုန်းကြီးကျောင်း စသည့် မြန်မာ အဖွဲ့ များတွင်လှူဒန်းနိုင်ပါသည်၊ မြန်မာဘုန်းတော်ကြီးကျောင်းကြီး တခု ဖြစ်သော ယူးနို့ စ် ဓါတ်တော်တိုက်တွင်လည်း အိုပီဘီအဖွဲ့ နှင့်အတူ ဆွေးနွေး၊ ဆုတောင်း၊ မေတ္တာပို့ ၊ ရွတ်ဖတ် ပူဇော်ခြင်းများ လုပ်နေကြပါသည်၊ ဂျပ်ဆင် မြန်မာခရစ်ယန်အသင်းတော် - သင်းအုပ်ဆရာ၊ ကော်မတီဥက္ကဌ နှင့် အဖွဲ့ သားများသည် မြန်မာပြည်သို့  စင်ကာပူလူမျိုးဆေးအဖွဲ့ များနှင့် အတူ သွားရောက်ရန်ရှိသည်၊ ငွေလဲ ကောက်ခံနေပြီး စုပေါင်းဆုတောင်းပွဲ၊ ဆွေးနွေးခြင်းများကို စိန့် အင်ဒရူး ဘုရားကျောင်းတွင် ၁၂-မေလ တွင်ပြုလုပ်မည်ဖြစ်ဟုသိရသည်၊  ပြည်ပရောက် မြန်မာ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး နှင့် နိုင်ငံရေးအဖွဲ့ အစည်းအမျိုးမျိုးလည်း အထူး အလှူငွေကောက်ခံလျက်ရှိသည်၊ ယူနီဆက် UNICEF နှင့် Direct Relef International တို့ မှ အလှူငွေကောက်ခံမှုကို ဂူဂယ်အင်တာနက်မှတဆင့် အွန်လိုင်းအလှူကောက်ခံနည်းဖြင့် http://www.google.com/myanmarcyclone/ လုပ်ဆောင်နေပါတယ်၊
စင်ကာပူ ကြက်ခြေနီကူညီမှု သတင်းများ နှင့် လှူဒါန်းလိုသူ၊ လုပ်အားပေး လိုသူများ အတွက်
http://www.redcross.org.sg/myanmar_cyclone_src.htm ကိုကြည့်ရှုနိုင်ပါသည်၊ ချက်လက်မှတ်နဲ့ ပစ္စည်းအကူများကို ပေးနည်းများ ရေးထားပါတယ်၊
 Singapore Red Cross Society 15 Penang Lane, Singapore 238486. အင်တာနေရှင်နယ် လူ့ အခွင့်အရေး  အာဗါးစ် AVAAZ အဖွဲ့ မှာလဲ အွန်လိုင်းနဲ့ လှူဒါန်းနိုင်ပါတယ်၊ https://secure.avaaz.org/en/burma_cyclone/4.php?cl=86329085  ဒီအဖွဲ့ ဟာ စက်တင်ဘာ သံဃာ့ ကဆောင်သပိတ်မှာ ဒေါ်လာ ၄သိန်းကျော် ကောက်ခံ၊ ပေးလှူခဲ့သော အဖွဲ့ ဖြစ်ပါတယ်၊ ဒီလိုအဖွဲ့ ပေါင်းများစွာ မြန်မာနိုင်ငံအတွက် ကြိုးစား ကယ်ဆယ်ဖို့ လုပ်နေကြပါတယ်၊



အထူးလိုအပ်ချက်
  စင်ကာပူရဲ့ လူအင်အားအကူအညီကို အတိုင်းအတာတခုထိ မြန်မာစစ်အစိုးရက လက်ခံနေပါတယ်၊ အရှေ့ တောင်အာရှ နိုင်ငံများကလည်း လူအင်အားပို့ ပေးနေပါတယ်၊ ဒါပေမဲ့ အထူးထိရောက်တဲ့ ကမ္ဘာ့ကုလ နဲ့  အမေရိကန်၊ အီးယူ လူအင်အားကိုတော့ မြန်မာစစ်အစိုးရကရှောင်တိမ်းနေပေမဲ့ ပြင်သစ်အဆိုပြုပြီး အင်အားသုံးဝင်ရောက် ကယ်ဆယ်ရေးကို တရုပ်၊ အိန္နိယများနဲ့ အတူ လုပ်ဆောင်နိုင်ရေးအတွက် နည်းလမ်းရှာနေဆဲပါ၊


   ပြည်ပရောက်မြန်မာများ ဆုတောင်းခြင်း၊ ငွေပေးလှူခြင်းထက် ပိုတဲ့ ကုသိုလ်ရရှိရေးကတော့ မြန်မာပြည်ကို လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်သွားကူညီရေးပါပဲ၊ ဒီလို ပြည်ပမှ လာရောက်လုပ်အားပေးရေးအတွက်ကတော့ စင်ကာပူရောက် မြန်မာများက ပိုမိုလုပ်ဆောင်နိုင်မလားလို့  မျော်လင့်ရင်း - မြန်မာနိုင်ငံအတွက် ရင်လေးစွာရှိနေဆဲပါပဲ၊  
WitMone,  7-May-2008




Singapore Red Cross Credit

 


#05-12A  Peninsula Plaza
(Tel: 63371569)
 

wpe6.jpg (7805 bytes)

 


Singapore Vote NO
Photo Illustration




Photo of the Month
April 2008 by Sg

 


Moemaka.com